နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီသီယိုးပီးယားမှ အမြန်ဆုံးထွက်ခွာရန် အမေရိကန်နိုင်ငံသားများကို ညွှန်ကြား

အဒစ္စဘာဘာ၊  နိုဝင်ဘာ ၇

အီသီယိုးပီးယားရှိ အမေရိကန်နိုင်ငံ သားအားလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရန် မြို့တော် အဒစ္စဘာဘာ အမေရိကန်သံရုံးက   ယင်း၏သံရုံး ဝက်ဘ်ဆိုက်တွင်  ကြေညာချက်တင်ကာ တိုက်တွန်းလိုက်သည်။  

အကျပ်အတည်းကြုံတွေ့နေရသည့် နိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းနေသည့် အမေရိကန် နိုင်ငံသားများအနေဖြင့် Bole အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာနိုင်သည်ဟု အမေရိကန်သံရုံး က ထုတ်ပြန်ပြောကြားထားသည်။

အာဖရိကဦးချိုဒေသဆိုင်ရာ အမေရိ ကန် အထူးသံတမန် ဂျက်ဖာရီဖလပ်မန်း မှာ  ဝါရှင်တန်၏ တွန်းအားပေးမှုတစ် စိတ်တစ်ပိုင်းအဖြစ် အီသီယိုးပီးယား သို့ ပြီးခဲ့သည့် ရက်ပိုင်းက ဆိုက်ရောက် လာခဲ့သည်။   
ဝန်ကြီးချုပ် အဘိုင်းအာမက်က  နိုင်ငံသားများအား  မိမိတို့ကိုယ် မိမိ လက်နက်ကိုင်ပြီး တီဂရေးပြည်သူ့လွတ် မြောက်ရေးတပ်ဦး (TPLF) ကို ပြန် လည်တိုက်ခိုက်ရန် မကြာမီရက်က တောင်းဆိုခဲ့သလို အစိုးရကလည်း အီသီ ယိုးပီးယား  နိုင်ငံတစ်ဝန်းအရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာထား သည်။                        ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ