နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှိုက်များကို လျှပ်စစ်အဖြစ် ပြောင်းလဲနိုင်မည့် နည်းလမ်းကို ဒူဘိုင်းတွေ့ရှိ

ဒူဘိုင်း၊  နိုဝင်ဘာ ၇

 စုပုံနေသည့် အမှိုက်များကို ရှင်းလင်းနိုင်ရန်အတွက် အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးမှ အမှိုက်များကို လျှပ်စစ်မီးအဖြစ်ပြောင်းလဲပစ်နိုင်မည့်နည်းလမ်းသစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယူအေအီးအနေဖြင့် နိုင်ငံတွင်းအမှိုက်ပြဿနာကို လျှော့ချရန် ပင်လယ်ကွေ့ဒေသတွင် အမှိုက်မှ ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် ကြိုးပမ်းနေပြီး နိုင်ငံ၏ ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံများကို အခြေ တည်ထားကြောင်း သိရသည်။

ယူအေအီးတွင် ယခုကဲ့သို့ အမှိုက်မှ လျှပ်စစ်ထုတ်မည့်အချက်ကို သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့များက ထောက်ခံခြင်းမပြုထားသော်လည်း အလွန်အမင်း အမှိုက်စွန့်ပစ်မှုများကို ပြန်လည်အသုံးချခြင်း ၊ စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြု ခြင်းနှင့် မြေဆွေးများကို အသုံးချခြင်းစနစ်သည် ပတ်ဝန်းကျင်အတွက် ပိုကောင်းစေ သည့်အချက်များ ဖြစ်ကြောင်းကိုမူ အသိပေးပြောကြားထားသည်။
သို့ရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့သုံးမီးဖိုများမှ လေထုညစ်ညမ်းမှုကိုဖြစ်စေနိုင် ကြောင်း သတိပေးထားသော်လည်း အမှိုက်စီမံခန့်ခွဲမှုကုမ္ပဏီကမူ အမှိုက်များကို ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှတပါး  အခြားလုပ်စရာမရှိသည့်အတွက် သင့်လျော် ကြောင်း ပြန်လည်ပြောကြားထားသည်။                            ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ