နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတဝန်း စားနပ်ရိက္ခာစျေးနှုန်းများ မြင့်တက်နေဟု ကုလထုတ်ပြန်

နယူးယောက်၊  နိုဝင်ဘာ ၇

စားသောက်ကုန်စျေးဝယ်သည့် ခြင်း တောင်းတစ်ခုတွင် ပါဝင်သည့်ပစ္စည်း အမျိုးအမည်များ၏ အောက်တိုဘာလ စျေးနှုန်းကို အခြေခံကာ စားသောက် ကုန် ကုန်ကျစရိတ်များမှာ စက်တင်ဘာ လထက် သုံးရာခိုင်နှုန်းမြင့်တက်လာ ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ယင်း၏ စားနပ် ရိက္ခာစျေးနှုန်းညွှန်းကိန်းတွင် ဖော်ပြ ထားသည်။ FAO Cereal Price Index သည် ယခင်လထက် အောက်တိုဘာ လတွင် ၃ ဒသမ၂ ရာခိုင်နူန်း တိုးလာ ပြီး၊ ကနေဒါ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ အပါအဝင် အဓိက ဂျုံတင်ပို့သူများထံမှ ရိတ်သိမ်းမှုလျော့ ကျလာခြင်းကြောင့် ဂျုံဈေး ငါးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖော်ပြထားသည်။

FAO ကလည်း အခြားသော အဓိက သီးနှံများ၏ နိုင်ငံတကာဈေးနှုန်း များ မြင့်တက်လာကြောင်း မှတ်တမ်းတင် ခဲ့ပြီး  တစ်ချိန်တည်းမှာပင် ဟင်းသီး ဟင်းရွက်ဆီစျေးနှုန်းမှာ အောက်တိုဘာ လတွင် ၉ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ထိုသို့စျေးတက်ခြင်းမှာ စတုတ္ထ လအဖြစ် ဆက်တိုက် စျေးနှုန်းတက်ခြင်း ဖြစ်သည်ဟု   ကုလသမဂ္ဂအေဂျင်စီက ပြောကြားသည်။
ဟင်းသီးဟင်းရွက်ဆီဈေး မြင့် တက် မှုမှာ မလေးရှားတွင်  ဆက်လက်ဖြစ် ပေါ်နေသော ရွှေ့ပြောင်းအလုပ်သမား ရှားပါးမှုကြောင့် အထွက်နှုန်းကျဆင်း ခြင်းနှင့်ပတ်သက်ပြီး  စိုးရိမ်မှုများဆက် လက်ဖြစ်ပေါ်နေခြင်းကြောင့် ကြီးမား သည့် ဖိအားဖြစ်နေကြောင်းကိုလည်း ဖော်ပြထားသည်။ ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ