နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့် ကျန်းမာရေးသတိပြုလိုက်နာ

ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် လျှော့ချရေးမူဝါဒသည် ပြည်သူ့ကျန်းမာရေးအတွက် ထိထိရောက်ရောက်ဖြစ်စေမည့် မူဝါဒတစ်ခု ဖြစ်ပေသည်။ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သူ တစ်ဘီလီယံ ခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် ၂ ဒသမ ၂ ဘီလီယံ ခန့်အထိ တိုးတက်မြင့်မားလာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး  အဖွဲ့ကြီးက ခန့်မှန်းထားသည်။
ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်ပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှူရှိုက်မိပြီး ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေးကြေညာချက်များ ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်သောက်သုံးခွင့် မရှိသောနေရာများကို အသိပေးထားသည်။ ဆေးလိပ်သောက်သုံး ခွင့်မရှိသော  နေရာများသည်  ဆေးရုံအဆောက်အအုံနှင့် ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေး ကစားကွင်းများ၊ အားကစားကွင်းနှင့် အားကစားရုံများ၊ တက္ကသိုလ် ကောလိပ်စာသင်ခန်းများ၊ စာသင်ကျောင်းများနှင့် ပတ်ဝန်းကျင် နေရာများ၊ ရုပ်ရှင်ရုံများ၊ ဇာတ်ရုံ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ အများပြည်သူသုံး စာကြည့်တိုက်များ၊ မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးပေးစက်တပ်ဆင်ထားသော ခန်းမများ ပါဝင်သည်။
ဆေးလိပ်သောက်သုံးသူများအနေဖြင့် အများနှင့်သက်ဆိုင် သောနေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို သတိပြုရှောင်ကြဉ်   ရန် လိုအပ်သည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မဖြစ်မနေ သောက်တတ်သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြားသူများကို အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားသော နေရာများ၌ မသောက်မိဖို့ လိုအပ်ပေသည်။

နှစ်စဉ် ဆေးလိပ်မီးခိုးအန္တရာယ်ကြောင့် ရောဂါဖြစ်ပွားသူ အများအပြားရှိသည်။ အထူးသဖြင့် ကလေးများနှင့် ကိုယ်ဝန် ဆောင် မိခင်များသည် ဆေးလိပ်မီးခိုးအန္တရာယ်ကို ခံစားနေကြရ သည်။ လူကို ဘေးဖြစ်စေနိုင်သည့် ဒြပ်ပစ္စည်းအမြောက်အမြား ပါဝင်လျက်ရှိသည့် ဆေးလိပ်မီးခိုး ရှူရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခု ခံစားရနိုင်သည်။

သို့ဖြစ်ရာ လေဖြတ်ရောဂါ၊ နှလုံးရောဂါဖြစ်ပွားရန် အားပေး သည့် အမူအကျင့်များဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပေသည်။ ဆေးလိပ်သောက်ခြင်းသည် မူးယစ်ဆေးစွဲဘဝသို့ ရောက်ရှိစေမည့် အမူအကျင့်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများနှင့် ပညာရှင်များက သုံးသပ်ပြောကြားထားသည်။ ကျန်းမာရေးကို ထိခိုက်စေသည့် ဆေးလိပ်သောက်သုံးခြင်းကို ဆင်ခြင်စေချင်ကြောင်း။ 






အခြားဆက်စပ်သတင်းများ