နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးလှူဒါန်းသော တရုတ်ကို ကျေးဇူးတင်ကြောင်း အီကွေဒေါ ပြောကြား

ကွီတို၊  နိုဝင်ဘာ ၆

ကိုဗစ်-၁၉ ကာကွယ်ဆေး Coxing ကို လှူဒါန်းသောကြောင့် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ကြောင်း အီကွေဒေါ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီး ဂါဇုန်က ပြောကြားသည်။

တရုတ်ကာကွယ်ဆေး  အသစ်ဖြစ် သည့် Coxing  ကာကွယ်ဆေး တစ်သုတ် ကို     အီကွေဒေါနိုင်ငံ၏  မြို့တော် ကွီတိုသို့  ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီး ဂါဇုန်၊ တရုတ်သံ အမတ် ချန်ကွာယူးနှင့် တာဝန်ရှိများက ကြိုဆို လက်ခံခဲ့သည်။

အီကွေဒေါနိုင်ငံ၏ ရည်မှန်းချက်ဖြစ် သည့် နှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး ထိုးနှံသူ ၈၅ ရာခိုင်နှုန်းအထိ ထိုးနိုင်ရေး တွင်    ပါဝင်ကူညီမည်ဖြစ်ကြောင်း၊ စီးပွားရေး ပြန်လည်နာလန်ထူရေးတွင် လည်း တရုတ်အနေဖြင့် ကူညီထောက်ပံ့ ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန၏     အချက်အလက်များအရ အီကွေဒေါနိုင်ငံတွင် ယခုထိုးနေသော ကာကွယ်ဆေးသည် Coxing ကာကွယ် ဆေးဖြစ်ပြီး  တရုတ်ထုတ် Cansino၊ အမေရိကန်ထုတ် Pfizer နှင့် ဗြိတိန် နိုင်ငံထုတ် AstraZeneca တို့ကိုလည်း ထိုးနှံလျက်ရှိသည်။    
အီကွေဒေါနိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန၏   အောက်တိုဘာလအတွက်    ထုတ်ပြန်ချက်အရ အီကွေဒေါနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရသူပေါင်း ၅၁၅၈၅၉ ဦး ရှိခဲ့ကာ   သေဆုံးသူပေါင်း ၃၂၉၈၅ ဦး ရှိကြောင်း သိရသည်။
မျိုးဝင်း (Ref: Xinhuanet)






အခြားဆက်စပ်သတင်းများ