နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်အလံတင် ရေနံတင်သင်္ဘော အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းသိမ်း

ဒူဘိုင်း၊  နိုဝင်ဘာ ၆

ပြီးခဲ့တဲ့လအတွင်း အိုမန်ပင်လယ် ကွေ့တွင် ဗီယက်နမ်အလံတင် ရေနံ တင် သင်္ဘောတစ်စင်းကို အီရန်ကဖမ်းဆီး ခဲ့ပြီး သင်္ဘောကို Bandar Abbas ကမ်း လွန်၌  ဆက်လက်  ထိန်းသိမ်းထား ကြောင်း    အတည်ပြုပြောကြားလိုက် သည်။

အီရန်တော်လှန်ရေးအစောင့်တပ် များသည် MV. Southys ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက် ကတည်းက သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးထိန်း သိမ်းခဲ့ခြင်းဖြစ်ကြောင်း အရာရှိတစ်ဦး က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်   တပ်ဖွဲ့ဝင်များက  အဆိုပါဖမ်းဆီးရမိမှုကို စောင့်ကြည့်ခဲ့ သော်လည်း နောက်ဆုံးတွင် အဆိုပါ သင်္ဘောမှာ အီရန်ရေပိုင်နက် အတွင်းသို့ ဝင်ရောက်သွားသည့်အတွက် အရေးယူ ခြင်းမပြုနိုင်ခဲ့ကြောင်း သိရသည်။
သင်္ဘောဖမ်းဆီးခံရခြင်းအတွက် ဖမ်းဆီးရခြင်း၏ အကြောင်းရင်းကို ရှင်း ရှင်းလင်းလင်း မသိရသလို ဗီယက်နမ်မှ တာဝန်ရှိသူများထံမှ မှတ်ချက်ရယူရန် ဆက်သွယ်ရာတွင်လည်း ချက်ချင်းမရ ခဲ့ကြောင်း သိရသည်။

အီရန်နှင့် ဗီယက်နမ်တွင် သဘော တူညီမှုပျက်နေသည့် နျူကလီးယား သဘောတူညီချက်အတွက် ဆွေးနွေး ပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းနေ သည့်အချိန်တွင် အဆိုပါ အချက်အလက် များကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိ သေးကြောင်း သိရသည်။
ရဲခေါင်(ref:AP)






အခြားဆက်စပ်သတင်းများ