နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် အရက်အတုသောက်သုံးမှုကြောင့် မျက်စိကွယ်ကာ သေဆုံးမှုများဖြစ်ပွား

နယူးဒေလီ၊  နိုဝင်ဘာ ၆

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ဘီဟာ ပြည်နယ်အတွင်း အရက်အတုသောက် သုံးမှုကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ပြီး အခြား    လူအများအပြားသည်လည်း မျက်မမြင်ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာ များအရ သိရသည်။
အလားတူ ယခုလ အစောပိုင်းတွင် လည်း အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် အရက်အတု သောက်ခြင်းကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

Hindustan Times ၏ဖော်ပြချက် အရ ဘီဟာပြည်နယ် Gobalganj ခရိုင် တွင် လူခြောက်ဦး သေဆုံးခဲ့ပြီး Sijianbaran ခရိုင်တွင်လူလေးဦး သေဆုံးခဲ့သည့်အပြင် အခြားသူ ၁၀ ဦးကျော်လည်း ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် စီးပွားရေးသမား များက အရက်၊ ဝိုင်အတုများကို တရား မဝင်ရောင်းချခြင်းကြောင့် အရက်အတု အဆိပ်သင့်သေဆုံးမှုများ မကြာခဏဖြစ် ပွားလေ့ရှိသည်။   အဆိုပါ အရက်၊ ဝိုင် အတုများထုတ်လုပ်ရာတွင်   စက်မှု အရက်နှင့်ရောစပ်လေ့ရှိသည်။  
မျိုးဝင်း (Red:BBC)






အခြားဆက်စပ်သတင်းများ