နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ကို ခုခံကာကွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း အီသီယိုပီးယားအစိုးရ တိုက်တွန်း

အက်ဒစ်အဘာဘာ၊  နိုဝင်ဘာ ၆

 နိုင်ငံတစ်ဝန်း ခြောက်လကြာ အရေးပေါ်အခြေအနေကို  ကြေညာခဲ့ပြီး မြို့တော် အထိ သူပုန်များရောက်လာခဲ့ပါက ခုခံကာကွယ်နိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း အီသီယိုးပီးယားအစိုးရက မြို့ခံများကို တိုက်တွန်းထားသည်။

ယင်းပြောကြားချက်ကို အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးဒေသရှိ သူပုန်များနှင့် တိုက်ခိုက်နေခြင်း တစ်နှစ်ပြည့်ချိန်တွင် အစိုးရက အောင်ပွဲခံရန်နီးစပ် လာသည့် သဘောပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပဋိပက္ခများ အဆုံးသတ်ကာ အပစ် အခတ်ရပ်စဲရန် နိုင်ငံတကာက တိုက်တွန်းနေချိန်တွင် တီဂရေးဒေသ လွတ်မြောက် ရေး တပ်ဦး (TPLF) နှင့် နောက်လိုက်များက အစိုးရတပ်များကို ဝိုင်းထားပြီး၊ အားလုံး သေကြေကြရမည်ဖြစ်ကြောင်း လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုရေးသားထား သည်။

Tigray တပ်ဖွဲ့များအနေဖြင့် မြို့တော် အက်ဒစ်အဘာဘာအထိ ချီတက်လာ နေပြီး၊ လပိုင်း၊ သီတင်းပတ်ပိုင်းအတွင်းမှာပင် သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ကြောင်း ပြောကြားထားပြီး မကြာမီတွင် အိုရိုမိုဒေသရှိ သူပုန်များမှာလည်း တီဂရေးတပ်ဖွဲ့ များနှင့် ပူးပေါင်းခဲ့ကြကာ အစိုးရကိုတိုက်ခိုက်မှုတွင် အောင်မြင်နေပြီဖြစ်ကြောင်း ပြောသည်။ အီသီယိုပီးယား၀န်ကြီးချုပ် Abiy Ahmed ကမူ ယင်းတို့ကို အစိုးရက ကြံ့ကြံ့ခံနိုင်ကြောင်း ပြောဆိုထားသည်။                                 ရဲခေါင်(Red:AFP)






အခြားဆက်စပ်သတင်းများ