နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသမီးများ အလုပ်အကိုင် ရှားပါးလာနိုင်ကြောင်း HRW အဖွဲ့ကြီး ပြောကြား

ကဘူးလ်၊  နိုဝင်ဘာ ၆

အာဖဂန်နစ္စတန်တွင် စောင့်ကြပ်သူ တစ်ယောက်ယောက်ပါမှ အလုပ်လုပ်ခွင့် ပေးထားခြင်းသည် အမျိုးသမီးအများစု အတွက် အလုပ်လုပ်ရန်မဖြစ်နိုင်သည့် အခြေအနေဖြစ်လာပြီး အလုပ်ရှားပါး လာနိုင်ကြောင်း Human Rights Watch (HRW) လူ့အခွင့်ရေးအဖွဲ့ကြီးက ပြော ကြားလိုက်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီ ဘန်များသည် အမျိုးသမီးများ အလုပ် လုပ်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် နိုင်ငံတွင်း  လိုအပ်နေသူများအတွက် ကျန်းမာရေးအပါအဝင် အကူအညီပေး ရေးများကို ထိခိုက်စေကြောင်း HRW အဖွဲ့ကြီးက  ပြောကြားလိုက်ခြင်းဖြစ် သည်။  

အာဖဂန်နိုင်ငံအတွင်း  ပြည်နယ် ပေါင်း ၃၄ ခုတွင်အများစုမှာ အမျိုးသမီး အကူလုပ်သားများအတွက် မိသားစုဝင် အမျိုးသား တစ်ယောက်ယောက်ပါမှ အလုပ်    လုပ်ခွင့်ပေးထားခြင်းဖြစ်ပြီး ပြည်နယ်သုံးခုအတွက်သာ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးထားကြောင်း သိရ သည်။

အလုပ်လုပ်ခွင့်ရှိသည့်  အမျိုးသမီးများအတွက်ကျန်းမာရေးနှင့် ပညာရေး အစီအစဉ်များကို တက်ရောက်ခွင့်မရှိဘဲ ကန့်သတ်ထားမှုများ မကြာခဏတွေ့ နေရသည့်အပြင် ရုံးဌာနများတွင်လည်း အမျိုးသမီးနှင့် အမျိုးသားများကို သီးသန့် ခွဲထားကာ ဆုံးဖြတ်ချက်ချရမည့် ကိစ္စ များတွင် အမျိုးသမီးများမပါဝင်နိုင်ရန် လုပ်သည့်  အနေထားဖြစ်နေကြောင်း HRW အဖွဲ့က  ထောက်ပြပြောဆိုထား သည်။                       ရဲခေါင်(Ref:AFP)






အခြားဆက်စပ်သတင်းများ