မြန်မာနိုင်ငံရှိ ၅၅ သန်းခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေးငယ် များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။
အနာဂတ်၏ သားကောင်းရတနာများသည် ယနေ့ကလေး သူငယ်များသာ ဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရ ဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေးများ အမှန်ဖြစ်လာမည်။ သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီ သည်။ အာဟာရကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။
အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးတွင် အင်အားဖြစ်စေ သည့် အစာ (ဆန်နှင့် ဆီ၊ ပြောင်းဖူး၊ အာလူး၊ ပိန်းဥ) ခန္ဓာကိုယ် ကြီးထွားစေသည့်အစာ (ငါးနုပ်ငါးဖွဲ့လေးများ၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ) ရောဂါကာကွယ်စေသော အစာ (ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ သစ်သီးဝလံအမျိုးမျိုး) စသည့် အစာအုပ်စု သုံးအုပ်စုလုံး ပါရှိအောင်စီစဉ်၍ နေ့စဉ်စားသုံးကြရမည်ဖြစ်ပေသည်။
မြန်မာတို့သည် ထမင်းအစားများရခြင်းတွင် အလေ့အထ ကြောင့် လည်းကောင်း၊ ဝင်ငွေနည်းခြင်းနှင့် ကရိကထများခြင်း၊ ချက်ပြုတ်စီစဉ်ရာတွင် အချိန်ကာလနှင့်အညီ မချက်နိုင်ခြင်းတို့ ကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ မိရိုးဖလာစားသုံးမှုပုံစံကို ပြောင်းလဲရန်မှာ အာဟာရ ပြည့်ဝသည့် စားသုံးမှုပုံစံများ ပညာပေးရေး၊ ငွေကြေးကုန်ကျမှု နည်းပါးပြီး အလွယ်တကူ ချက်ပြုတ်စားသောက်နိုင်သည့် နည်းလမ်းများ၊ ဟင်းလျာပုံစံများကို ပြည်သူတို့နှစ်ခြိုက်စွာ ကျင့်သုံးစားသောက်လာစေရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသော ကျေးလက်ဒေသ ပတ်ဝန်းကျင်များ ဒေသထွက်စားသောက်ဖွယ်ရာများနှင့် ကိုက်ညီ ပြီး အရသာရှိရှိ၊ လွယ်ကူစွာ စားသောက်နိုင်မည်ဆိုပါက ရေရှည် တွင် အလေ့အထစွဲမြဲလာမည်ဟု ယုံကြည်သည်။ ကျန်းမာသန်စွမ်း အာဟာရဖွံ့ဖြိုးရန်အတွက် အိမ်ခြံဝန်းတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည် အရေးပါသော အာဟာရကို ဖြည့်စွမ်းပေးနိုင် သည်။ ဝင်ငွေနည်းမိသားစုများအတွက် အထောက်အပံ့ဖြစ်စေ သည်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို ရရှိစေမည်ဖြစ်သည်။
ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောလူသားဖြစ်စေ ရန် အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာစားသုံး ခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် အာဟာရ ပြည့်ဝစွာဖြင့် ကျန်းမာကြံ့ခိုင်စေချင်ကြောင်း။ ။