နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်သမားများ၏ ပြည်သူလူထုကိုဦးတည်၍ ပစ်မှတ်ထားတိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း OMNI FOCUS ကုမ္ပဏီမှ ထုတ်ပြန်

ရန်ကုန်၊  နိုဝင်ဘာ  ၁


အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ် ဘက်ပစ်မှတ်များကို ဦးတည်၍ အကြမ်း ဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊  မိုင်း ထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း များ အပါအဝင် အကြမ်းဖက်လုပ်ရပ် မျိုးစုံဖြင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက် ပြားစေရန်  ဦးတည်လုပ်ဆောင်လျက် ရှိသည်။


ထိုသို့     လုပ်ဆောင်လျက်ရှိရာ အောက် တိုဘာ ၃၁ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ်၊ ဆင်မလိုက်အဝေးပြေးမှတ်တိုင် အနီး၌ YBS ယာဉ်တစ်စီးအား PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား တစ်ဦးက မီးလောင်ဗုံးဖြင့် တိုက်ခိုက် ခဲ့ရာ  အဆိုပါ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကာ ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ 


PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခင်ကလည်း ယခုကဲ့သို့ အများပြည်သူ စီးနင်းလိုက်ပါလျက်ရှိသော   ပုဂ္ဂလိက ယာဉ်လိုင်းများကို မိုင်းထောင်တိုက်ခိုက် ခြင်း၊          မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင် ခဲ့ကြောင်း  တွေ့ရှိရသည်။


ယင်းသို့ အကြမ်းဖက်လုပ်ရပ်လုပ် ဆောင်ခဲ့မှုအပေါ်     သက်ဆိုင်ရာကုမ္ပဏီ မှ  အကြမ်းဖက်လုပ်ရပ်ကျူးလွန်မှုကို  ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ခရီးသွား ပြည်သူများ၏ အသက်ဘေးနှင့် လုံခြုံ ရေးကို  အချိန်မီကူညီဆောင်ရွက်ပေးခဲ့ သည့်  ကုမ္ပဏီမှတာဝန်သိဝန်ထမ်းများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မှတ် တမ်းတင်ဂုဏ်ပြုကြောင်းကို ဖော်ပြပါ အတိုင်း  ထုတ်ပြန်ခဲ့သည်ဟုသိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ