နွားထိုးကြီး၊ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ် လျှော်ဖြူတောင်ရွာတွင် အောက်တိုဘာ ၃၀ ရက်၊ ၁ နာရီကျော် က ဦးသန်းဆောင် (၆၅) နှစ်ကို အမည်မ သိသူ ဆိုင်ကယ်စီးသူ နှစ်ဦးကသေနတ် ဖြင့်ပစ်သတ်သွားကြောင်း လျှော်ဖြူ ရွာသားတို့ထံမှသိရသည်။
ဦးသန်းဆောင်မှာ ပြည်ခိုင်ဖြိုး ပါတီဝင်၊ ကျေးရွာခေါင်းဆောင်ဖြစ်ပြီး တပ်လိုလားသူ ဒလန်အကြီးစားဆိုကာ သတ်ရခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF ကကြေညာသည်။
လျှော်ဖြူတောင်ရွာတွင် ဒလန် ခြောက်ဦးသတ်ဖြတ်ရန်ရှိရာ သုံးဦး သတ်နိုင်ပြီဖြစ်ကြောင်း PDF ကဆက် ကြေညာသည်။
ဌေးမြင့်မောင်