နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ အမှိုက်စွန့်စေချင်

ယနေ့ကမ္ဘာကြီးတွင် လူသားတိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အနိမ့်ဆုံး တာဝန်အဖြစ် ထမ်းဆောင်သင့်ပေ သည်။ ကမ္ဘာတွင် နိုင်ငံတိုင်း၊ မြို့ရွာတိုင်း သဘာဝပတ်ဝန်းကျင်၏ စိန်ခေါ်မှုကို မျှဝေခံစားနေကြရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အမှိုက်က အခြေခံ အကျဆုံး ပြဿနာပင် ဖြစ်သည်။ 


တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်တွင် စွန့်ပစ်အမှိုက်၊ အိမ်တွင်းအမှိုက်ပစ္စည်းများက နေ့စဉ်တိုးတက်လာသည်။ အိမ်သုံး အမှိုက်ပုံးများတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များက နေရာများစွာယူထားသည်။ အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။


လူဦးရေထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန် မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိနေသည်မှာ မထူးဆန်းချေ။ အမှိုက်ဟူသည် မကောင်းသောစွန့်ပစ် အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်းစသည်တို့  ဖြစ်တတ်သည်ကိုသိပါ လျက် မဆင်မခြင်စွန့်ပစ်နေခြင်းဖြစ်သည်။


အမှိုက်ကိုစနစ်တကျ စွန့်ပစ်ကြရမည်။ စနစ်တကျသိမ်းဆည်း ရမည်။ နေ့စဉ်မိမိနေအိမ်မှ စွန့်ပစ်အမှိုက်ကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရပေသည်။ ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ နောက်ဖေး လမ်းကြားသို့ အလွယ်တကူစွန့်ပစ်ခြင်းသည် သတိပြုဆင်ခြင်သင့် ပေသည်။


ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်တွင် အိမ်ပြောင်း၊ အိမ်ရွှေ့များပြားလာရာ အသုံးမလိုသော အိမ်ထောင်ပရိဘောဂ အဟောင်းများ၊ အိမ်သုံးပစ္စည်းများကို နီးစပ်ရာအမှိုက်ပုံများတွင် စွန့်ပစ်ထားကြရာ အမှိုက်ပုံးကိုပင် ဖုံးလွှမ်းနေသည်။ စည်းကမ်းမဲ့ စွန့်ပစ်ကြသည့် အလေ့အထက လွှမ်းမိုးနေသည်။


မြို့ပြဖွံ့ဖြိုးတိုးတက်အောင် စည်းကမ်းရှိသော မြို့ကြီးပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်တတ်သည့်အလေ့အထကို ကျင့်ကြံအားထုတ်ကြ ရမည်ဖြစ်ပေသည်။


လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နေရာတိုင်း မိမိတို့ နေထိုင်ရာနယ်မြေရှိ ထွက်သမျှအမှိုက်များကို သူ့တာကိုယ်တာ ခွဲခြားပြီး စုပေါင်းပပျောက်အောင် ဆောင်ရွက်သင့်သည်ဟု ဆိုချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ