ကျွန်ုပ်တို့မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင် မတူသောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာဓလေ့ ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံဆင်း ညီအစ်ကိုမောင်နှမများဖြစ်၍ တစ်အူထုံ့ဆင်းညီအစ်ကိုမောင်နှမ များဖြစ်၍ အမျိုးသားယဉ်ကျေးမှုအတူတူပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုဟုဆိုလျှင် စား၊ ဝတ်၊ နေရေး အရေးသုံးပါးမှအစ စာပေဘာသာစကား၊ အနုပညာစသည်တို့ အကျုံးဝင်ပါသည်။ ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီနိုင်ပါ။ မြန်မာတို့အစဉ်အလာအရ ဝတ်စားဆင်ယင်ပြောဆိုကျင့်ကြံနေ ထိုင်မှုအားလုံးသည် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။
ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲ တတ်သည့်သဘောရှိသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတည်တံ့ ရေးသည် ယဉ်ကျေးမှုဟူသောမဏ္ဍိုင်တွင် များစွာမူတည်ပေသည်။ ထိန်းသိမ်းသင့်သည့် ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းရပေ မည်။
မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန် မြတ်သော ရိုးရာယဉ်ကျေးမှုများစွာရှိပါသည်။ မြန်မာတို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရားကိုင်းရှိုင်း ကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည် ကူညီတတ် ကြသည်။ အားနာတတ်ကြသည်။
မြန်မာနိုင်ငံ၏သမိုင်းကြောင်းကိုပြန်ကြည့်လျှင် နယ်ချဲ့လက် အောက်နှစ်ပေါင်း ၁၂၃ နှစ်တိုင် ခါးသီးစွာနေထိုင်ခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ပြန်လည်ရယူခဲ့ပေသည်။
လွတ်လပ်ရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်မှု ကို တည်ဆောက်နိုင်ခြင်း၊ လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည် ရရှိလိုသောထက်သန်ပြင်းပြသည့် အမျိုးသားရေးအားမာန်တိုးပွား လာခြင်းတို့ကြောင့်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ရှိသော မြန်မာ လူငယ်၊ လူရွယ်များ၏ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပေသည်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို အဆိုပါ နိုင်ငံနှင့်လူမျိုးတို့၏ အမျိုးသားရေးစိတ်ဓာတ်ပြည့်ဝသော ယဉ်ကျေးမှုဖြင့် အကဲဖြတ်နိုင်ပေသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု သည် အစဉ်အလာကြီးမားသကဲ့သို့ ဘိုးဘွားအစဉ်အဆက်ထိန်းသိမ်း ခဲ့ကြသည်။ ယဉ်ကျေးမှုကွယ်ပျောက်လျှင် လူမျိုးလည်းကွယ် ပျောက်မည်ဟု မြန်မာတို့က ခံယူကြသည်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ့် တိုင်းပြည်နှင့်ကိုယ့်လူမျိုးကိုထိလျှင် မချိအောင်နာတတ်သည့်စိတ် များပင်ဖြစ်သည်။
ထိုအမျိုးသားရေးစိတ်ဓာတ်၊ အသိစိတ်ဓာတ်ကိုအခြေခံကာ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုစောင့်ထိန်းပြီး အမျိုးသားယဉ်ကျေးမှုကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားကြရမည့် တာဝန်သည် နိုင်ငံသူ၊ နိုင်ငံသားတို့၏ တာဝန်ပင်ဖြစ်ပါကြောင်း ။ ။