နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်သာအရှေ့ချောင်းဆုံ အုပ်ချုပ်ရေးမှူး သေနတ်နှင့်ပစ်ခတ်ခံရ

တောင်သာ အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ တောင် သာမြို့နယ် အရှေ့ချောင်းဆုံရွာအုပ် ချုပ်ရေးမှူး ဦးမှတ်တင်ကို အောက်တို ဘာ ၂၇ ရက် နံနက်ပိုင်းက အမည်မသိ ယောင်္ကျားနှစ်ဦးက ထောက်ခံစာလုပ်ရာတွင် သေနတ်နှင့် ပစ်ခတ်လိုက်ကြောင်း  ဒဏ်ရာပြင်း ထန်၍ ဆေးရုံတင်လိုက်ရကြောင်း တောင်သာနယ်ခံ တို့ထံမှသိရသည်။
တောင်သာတွင် သေနတ်နှင့်ပစ် ခတ်၍  သေဆုံးရသူ အမျိုးသား၊ အမျိုး သမီး ၇ ဦးထက်  မနည်းရှိနေကြောင်း တောင်သာမြို့ခံတို့က ပြောသည်။  သေနတ်နှင့် ပစ်ခတ်ခံရသူများကို  ယခုတိုင် ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိကြသေးကြောင်း သိရသည်။            ဌေးမြင့်မောင်






အခြားဆက်စပ်သတင်းများ