ဆောင်းအဝင်ရာသီဥတုအေးမြမှုနှင့်အတူ နံနက်စောစော ဆောင်းနှင်းမြူတို့ ဝေ့ဝဲကျဆင်းနေသည်။ မြို့ပြလမ်းများပေါ်တွင် စောစောထလမ်းလျှောက်နေကြသူများ တွေ့မြင်နေရပေပြီ။ နံနက်ပိုင်းခပ်စောစောတွင် သွားသွားလာလာ လှုပ်လှုပ်ရှားရှားဖြင့် လမ်းလျှောက်သူများ ပေါများလာ၏။
ကန်တော်ကြီးကန်ပတ်လမ်း၊ အင်းလျားကန်ပေါင်၊ ကျိုက္ကစံ အားကစားကွင်းပတ်လမ်းတစ်လျှောက်တို့တွင် လူငယ်၊ လူရွယ် များ၊ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းတို့ ကျန်းမာရေးအတွက် လမ်းလျှောက်နေကြသည်။ ကိုယ်လက်လှုပ်ရှားမှုပြုနေကြသည်။
အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွားအများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေး လိုက်စားကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုစေနိုင်သည်ဟု ကျန်းမာရေးသုတေသီ များက မကြာခဏပြောဆိုလျက်ရှိသည်။
ကျန်းမာရေးကိုလိုက်စားရာတွင် ကိုယ်လက်လှုပ်ရှားအားကစား တစ်ခု (သို့မဟုတ်) လမ်းလျှောက်ခြင်းပြုလုပ်ခြင်းပင်ဖြစ်၏။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်ခန့်လျှောက်သင့်သည်ဟု ပညာရှင်တို့ကဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သား များကို သန်မာအားကောင်းစေသည်။ အရိုး၊ အဆစ်တို့ကို သန်မာ စေနိုင်သည်။ ထို့ကြောင့် လမ်းများများလျှောက်ခြင်းသည် သက်ရှည်ကျန်းမာစေရန် နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ပေ သည်။
ကိုယ်လက်လှုပ်ရှားလမ်းလျှောက်ခြင်းတို့ဖြင့် ခန္ဓာကိုယ်အဝ လွန်မှုကို လျော့ကျစေနိုင်သည်။ အဝလွန်ခြင်းကြောင့် ယနေ့ဖြစ် ပွားနေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါကို ထိန်းထားပေးနိုင်စွမ်း ရှိ၏။
ကျန်းမာခြင်းသည် ဝယ်ယူ၍ရသည့်ပစ္စည်းမဟုတ်ပါ။ ကိုယ် ကိုယ်တိုင်လေ့ကျင့်ယူရသည့်အရာဖြစ်သည်။ လူတိုင်း၊ လူတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်ပေသည်။ ကျွန်တော်တို့ ငယ်စဉ်က နံနက်စောစောတွင် ကြားနေကျတေးသံသာလေးမှာ ''စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့'' ကျန်းမာရေးအသိကို ပြန်လည်မြင်ယောင်ပြီး ကျန်းမာသော လူ့ဘဝကို အစဉ်တိုးတက်အောင်မြင်စေချင်ပါသည်။
သို့ဖြစ်ပါ၍ လမ်းလျှောက်ခြင်းသည် လောက၌ အသက်ရှည် ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပင်ဖြစ်ရာ သက်ရှည် ကျန်းမာစေရန်အတွက် လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာ စေကြောင်း ။ ။