နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန် အောက်တိုဘာ ၂၈


အမှတ်(၇) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် မောင်တောမြို့နယ် မင်းကြီးကျေးရွာအနီး မောင်တော-တောင်ပြို (ဝဲ) သွားကားလမ်းတွင် မောင်သန်းရွှေမောင်းနှင်ပြီး အောင်ကျော်ဝင်း(ခ) အောင်ကျော်မိုးလိုက်ပါလာသည့် ဆိုင်ကယ် ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၀၈ ပြား ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်တွင်မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ် ကျုံတမာ ကျေးရွာအနီးတွင် မြထွဋ်ခေါင် မောင်းနှင်ပြီးမျိုးဇော်ထွန်း လိုက်ပါလာသည့်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ