ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေး လာသည်။ ဤသည်ကို အကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီ ဥတုဖြစ်စဉ်ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီး သည် ကမ္ဘာတစ်ခွင်ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန် နှင့်တစ်ပြေးညီတွေ့မြင်နေရပေသည်။
ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာ နိုင်ငံတွင်လည်း ရင်ဆိုင်တွေ့ကြုံခံစားနေရပြီဖြစ်သည့်အတွက် မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်များဆောင်ရွက်ခဲ့ပေသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာ တစ်ဝန်းဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက်နေလျက်ရှိကြောင်း ကမ္ဘာတစ်ဝန်းက အစီ အမံများပြုလုပ်ထိန်းချုပ်သွားရန်လိုကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ်ထုတ်ပြန်ထားသည်။
၂၀၂၀ ပြည့်နှစ်တွင် လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ပါဝင် မှုမှာ စံချိန်တင်မြင့်မားခဲ့သည်ဟု ကုလသမဂ္ဂရာသီဥတုအေဂျင်စီ ၏လေ့လာမှုအစီအစဉ်တစ်ခုတွင် ဖော်ပြထားသည်။ ကမ္ဘာ့မိုးလေ ဝသအဖွဲ့အစည်းက အောက်တိုဘာ ၂၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ် အောက်ဆိုက်ပါဝင်မှုတို့ကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့အစည်း၏ ဆန်းစစ်ချက် အစီရင်ခံစာတွင် မကူရိုကာဗွန်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များ၊ မလျှော့ချနိုင်ခြင်းကြောင့် ငွေကြေးကုန်ကျများပြားစေခြင်း၊ ကာဗွန် ပိုမိုထုတ်လုပ်စေသည့် အခြေခံအဆောက်အအုံများဆောက်လုပ် ခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုလျော့နည်း ကျဆင်းစေခြင်း၊ လွန်ကဲသောရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်စေ ခြင်း အစရှိသည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်း ထားသောအဖွဲ့က ထုတ်ပြန်ထားသည်။ ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ်အောက်ဆိုက်ပါဝင်မှုသည့် ယခုတစ်ကြိမ် တွင် အမြင့်မားဆုံးဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘာကြီးဆက်လက်ပူနွေးနေပါက မိုးခေါင်မှုနှင့် ရေကြီးမှု တို့ကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ဟုဆို သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု မြင့်တက်လာခြင်းကို ကမ္ဘာ့အသိုက်အဝန်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန်ဆောင်ရွက်သွား ရန် လိုအပ်ပေသည်။
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချနိုင်ရေး ကာလရှည်စီမံချက်များ ပြုလုပ်သင့်သည်ဟု ကုလသမဂ္ဂက သတိပေးထုတ်ပြန်ထားရာ သတိပြုဆင်ခြင်စေရာ ဖြစ်ပေကြောင်း ။ ။