ရန်ကုန်၊ အောက်တိုဘာ ၂၆
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းအတွင်း အောက်တိုဘာ ၂၄ ရက် နေ့လယ် ၂ နာရီ ၅ မိနစ်အချိန်က တနင်္သာရီလမ်း အမှတ် ၁ ရေချိုးသန့်စင်ခန်း အနီးရှိ အမှိုက်ပုံး အတွင်းမှလည်းကောင်း၊ နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်က တောင်ကြီးလမ်း၊ စခန်းတာဝန်ခံရုံး ထောင့်ရှိ အမှိုက်ပုံးအတွင်းမှလည်း ကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ လူထိခိုက်မှုမရှိဘဲ စည်ပင်သာယာမှ ၆၆၀ လီတာဆန့် အမှိုက်ပုံးနှစ်လုံး ပျက်စီးကြောင်းနှင့် ထိုသို့အများပြည် သူအမှိုက်စွန့်ပစ် စဉ်သော်လည်း ကောင်း၊ သန့်ရှင်းရေးလုပ်သားများ အမှိုက် သိမ်းဆည်းစဉ်သော်လည်း ကောင်း ထိခိုက်ဒဏ်ရာရ သေကြေစေ ရန် အကြမ်းဖက် လုပ်ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မိုးမြင့်မောင်