နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာသောနှလုံးသား ဖန်တီးတည်ဆောက်

သွေးတိုးရောဂါသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ လူတို့၏ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည့် သွေးတိုးရောဂါ၊ လေဖြတ်ရောဂါနှင့် နှလုံးရောဂါတို့သည် တစ်ခု နှင့်တစ်ခုဆက်စပ်နေပေသည်။ ကမ္ဘာပေါ်တွင် နှလုံးရောဂါနှင့်      လေဖြတ်မှုရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကမ္ဘာ့နှလုံးရောဂါ အဖွဲ့ချုပ်အပါအဝင် အဖွဲ့အစည်း ၂၀၀ ကျော်တို့က ပူးပေါင်းပါဝင် ဆောင်ရွက်နေကြသည်ဟု ကျန်းမာရေးသတင်းများအရ သိရှိရ ပေသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၅ ခုနှစ် တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်း ကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကြိုးပမ်းနေမှုကို ကမ္ဘာ့နှလုံးအဖွဲ့ချုပ် က ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုပေသည်။ 


နှလုံး‌ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအစရှိ သော နှလုံးနှင့်ဆက်စပ်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ ၁၇ ဒသမ ၃ သန်းကျော် အသက်ဆုံးရှုံးကြရသည်။ လူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံး သွေးလည်ပတ်ညီညွှတ်မျှတနေပါက လေငန်းရောဂါမဖြစ်နိုင်ပေ။ သွေးများကောင်းစွာလည်ပတ်ရန် အတွက် နှလုံးကျန်းမာနေဖို့ အထူးလိုအပ်ပေသည်။


နှလုံးကျန်းမာရေးက လေဖြတ်ရောဂါနှင့် တိုက်ရိုက်ဆက်နွှယ် နေသည့် လေဖြတ်ခြင်းသည် အသက်အရွယ်ကြီးရင့်သူများတွင် သာဖြစ်ပေါ်ခံစားရခြင်းမဟုတ်ဘဲ၊   ကလေးငယ်များမှာလည်း ဖြစ်ပေါ်ခံစားရနိုင်သည်။ လေဖြတ်ဝေဒနာသည်အများစုမှာ ဦးနှောက်အတွင်း သွေးကြောတစ်ခု ပိတ်ဆို့သွားခြင်းကြောင့်  လေဖြတ်ဝေဒနာဖြစ်ပေါ်ခံစားရခြင်းဖြစ်သည်။


လူတိုင်းနှလုံးရောဂါမဖြစ်ပွားရလေအောင် သတိပြုနေထိုင် စားသောက်လိုက်နာရန်လိုအပ်ပေသည်။ လူတို့နေထိုင်စားသောက် မှုပုံစံပြောင်းလဲလာခြင်း၊ နေ့စဉ်လေ့ကျင့်ခန်းလုပ်ချိန် လျော့ပါး လာခြင်း၊ အဆီ၊ အဆိမ့်ပါသော အစားအစာများ စားသောက်မှု ပုံစံပြောင်းခြင်း၊ အရက်၊  ဆေးလိပ်အလွန်အကျွံသုံးစွဲလာခြင်း သည် ရောဂါတိုးပွားအောင် ပံ့ပိုးမှုများဖြစ်သဖြင့် သတိပြုနေထိုင် စားသောက်ကြရမည်ဖြစ်ပေသည်။


ဤရောဂါဆိုးမှကာကွယ်ရန် သွေးပေါင်ချိန် မှန်မှန်တိုင်းခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏတိုင်းခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း၊ ဆေးလိပ်ရှောင်ကြဉ်ခြင်း၊ သွက်လက်စွာသွားလာ လှုပ်ရှားခြင်း၊ ကျွမ်းကျင်သောသူများထံမှ အကြံဉာဏ်ကောင်းများ ရယူခြင်းတို့ဖြင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် သည်ဆိုစကားအတိုင်း ရောဂါဆိုးမှ ကင်းဝေးနိုင်မည်ဖြစ်ပေသည်။


နှလုံးရောဂါအန္တရာယ်ကို လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်စု ချင်းကြိုးပမ်းဆောင်ရွက်မှ   ကျန်းမာသောလူ့အသိုင်းအဝိုင်း တစ်ခုကို ဖန်တီးဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ