နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းခရီးသွားလုပ်ငန်းများ အောင်မြင်တိုးတက်ရေး ဆောင်ရွက်

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားလုပ် ငန်းများလည်ပတ်ခြင်းဖြင့် စတင်သွားမည်ဟု သိရသည်။ ရာသီ ဥတုသာယာသည့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ကာလများတွင်  ပြည်တွင်းခရီးသွားများပြားလာမည်ဖြစ်သည်။ ယခုအခါ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားကောင်းလာသည်နှင့် အမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာလည်း တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။


ခရီးသွားလုပ်ငန်းသည်      စီးပွားရေးအခွင့်အလမ်းများကို      ကျယ်ကျယ်ပြန့်ပြန့်ဖြည့်ဆည်းပေးသော လုပ်ငန်းဒေသအသီးသီး ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက် အကူပြုသောလုပ်ငန်းနှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သောမောင်းနှင်အားဖြစ်ပြီး   အလားအလာကောင်း သောလုပ်ငန်းဖြစ်ပေသည်။


ခရီးသွားလုပ်ငန်းများတွင် မပျက်မယွင်းသော တော၊ တောင်၊ ရေ၊ မြေ သဘာဝအလှများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ် အလာကြီးမားသော သမိုင်းကြောင်းများ၊ ဖော်ရွှေပျူငှာလှသော မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်များနှင့်အတူ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ယဉ်ကျေးမှုအခြေခံခရီး သွားလုပ်ငန်းများ ဆွဲဆောင်ရာကို    လာရောက်လည်ပတ်ရန် ပြင်ဆင်လျက်ရှိပေသည်။


အပန်းဖြေစခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် ကာလတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်အကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင်ဖွင့်လှစ်ထားသည့် ဝါးနက်ဆင်စီးအပန်းဖြေ စခန်းမှ ခရီးသွားများအားဆွဲဆောင်နိုင်စေရန် သဘာဝတောတောင် ရှုခင်းအလှများဖြင့် အပန်းပြေနိုင်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရပေသည်။ ဖွင့်လှစ်ခွင့်ရရှိပါက လာရောက်အပန်းဖြေသူများ စိတ်အေးချမ်းသာစွာ ဆင်စီးအပန်းဖြေ စေနိုင်ရေးအတွက် ဝါးနက်စခန်းမှ ခရီးရှည်၊ ခရီးတိုလမ်းကြောင်း ခရီးစဉ်များရေးဆွဲပြင်ဆင်ထားပေသည်။ ခရီးတိုတစ်ခုလျှင် ကျပ် ၃၀၀၀၊ ခရီးရှည်တစ်ခုလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ပို့ဆောင်ပေးမည် ဖြစ်သည်။


ပြည်တွင်းခရီးသွားများအနေဖြင့် စုပေါင်းခရီးသွားသည့်ပုံစံ မျိုးဖြင့် အပန်းဖြေဘုရားဖူးခရီးစဉ်များဖြစ်ပေါ်လာမည်ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး၊ လမ်းညွှန်ချက်များနှင့်အညီ ဒေသများအလိုက် ကြိုတင်ပြင်ဆင်မှုများဖြင့် အခွင့်အလမ်းကောင်း များကို လက်မလွှတ်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ