နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်ဆီဂျင်ထုတ်စက်တပ်ဆင် ဆောင်ရွက်နေမှုတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ပွင့်ဖြူ အောက်တိုဘာ      ၂၅


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိကိုဗစ် - ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအောက်ဆီဂျင်လိုအပ်ပါကအခက်အခဲမရှိအဆင်ပြေစွာကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် အောက်ဆီဂျင်ထုတ်စက်အားAGT ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာဦးသန့်ဇင်နှင့် ဝန်ထမ်းများကတာဝန်ယူ တပ်ဆင် ဆောင်ရွက်လျက်ရှိရာအောက်တိုဘာ ၂၄ ရက်  နံနက် ၁၀ နာရီခွဲကမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။ 


ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့်အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီးတစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း သိရသည်။ ထို့အပြင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကိုမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အောက်ဆီဂျင်ဖြစ် မြောက်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီးစက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ရှိကြောင်းသိရသည်။

            ရဲဝင်းနိုင် ( ညောင်ဦး)






အခြားဆက်စပ်သတင်းများ