နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်းရွှေစက်တော်ဘုရားကြီးတွင် ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှု လုပ်ငန်း ၆၉ ရာခိုင်နှုန်းကျော်ပြီးစီး

မင်းဘူး အောက်တိုဘာ ၂၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊  မင်းဘူး (စကု) မြို့နယ် ရှိမန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ် လှေကား တာဝါ (Lift Tower နှင့် Walk Way Bridge) ဆောက်လုပ်နေမှုလုပ်ငန်းများအားလုံး ၆၉ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေး ကုမ္ပဏီ Project မန်နေဂျာဦးသန်းလွင်ထံမှ သိ ရသည်။


မန်းရွှေစက်တော် ဘုရားဓါတ်လှေ ကားတာဝါတည်ဆောက်ရေးအပိုင်း အနေဖြင့် “ယခုအခါLift Tower Emergency Level အထက် Lift Wall အတွက်သံစင်နှင့်ပုံစံရိုက်ကွန်ကရစ်လောင်းခြင်း လုပ်ငန်းဆောင် ရွက်နေကြောင်း၊ Walk Way Bridge လျှောက်လမ်းအတွက် Portion(1) ကွန်ကရစ်လောင်းပြီး ဖြစ်သောကြောင့် Portion(2) အတွက် ကွန်ရစ်လောင်း ရန်ပြင်ဆင်နေကြောင်း၊ လုပ်ငန်း ကာလမှာ ၂၀၂၁ ခုနှစ် ဇွန် ၂၉ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက် အထိ ဖြစ်ပြီး ၆၉ ရာခိုင် နှုန်းကျော် ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းလျှင် လူ (၂၀)ဦးနှုန်းဖြင့် စုစုပေါင်းလူ(၄၀)ဦးလိုက်ပါ စီးနင်းနိုင်မည်ဖြစ်ကြောင်း” Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။


မန်းရွှေစက်တော် ဘုရားဓါတ် လှေကားတာဝါကို နှစ်ကျိပ်ရှစ်ဆူစေတီ တော်အနီးမှ ကိုးခန်းကြီးဘုရား အထိ (အလျားပေ၂၁၀ x အမြင့် ၁၁၉ ပေ  x အကျယ်၁၂ပေ)ဖြင့်အတက် နှင့်အဆင်းဟူ၍ Lift Tower နှစ်စင်း ကိုဘုရားရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ခန့်ဖြင့် တည် ဆောက်ခြင်းဖြစ်ကြောင်း၊ ဓာတ်လှေ ကား တစ်စင်းလျှင် လူ(၂၀)ဦး နှုန်း ဖြင့် စုစုပေါင်းလူ(၄၀)ဦးလိုက်ပါ စီးနင်းနိုင် မည်ဖြစ်ပြီး ဘုရားပွဲတော်ချိန် မတိုင်မီ အပြီး တည်ဆောက်သွားမည်ဖြစ် ကြောင်း မန်းရွှေစက်တော် ဘုရား ဂေါပက အဖွဲ့ထံမှသိရသည်။

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ