ရန်ကုန် အောက်တိုဘာ ၂၅
မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ည၇ နာရီတွင် ဘားအံမြို့နယ် ဘားအံ-အိန္ဒု သွားကားလမ်းနောင်လုံ ကျေးရွာအုပ်စု နောင်လုံရွာ အနီးတွင် စိုးသိန်း(ခ) အိုစမိုင် မောင်းနှင်ပြီး စောမောင်(ခ)အိုးစန် လိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက် ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ နောက်လယ်ရပ်ကွက် (၇)လမ်းတွင် အာကာဇော်(ခ) မက်အီရှာမောင်းနှင် အောင်ခန့်ဇော်(ခ) အူမာန်ဖွာလုလိုက် ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း ည ၉ နာရီ ၁၅ မိနစ်တွင် ပူးပေါင်း အဖွဲ့က မြိတ်တောင်ရပ်ကွက် ကမ်းသာယာလမ်းနေ အောင်မျိုးသက် (ခ) ချိုကိုထံမှ စိတ်ကြွရူးသွပ် ၃၀၀၀၀ ကိုလည်းကောင်း အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် ပတ္တမြားလမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ ကျော်စိုးကို စစ်ဆေးရာ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယင်းနေထိုင်သည့် အမှတ်(၃)ရပ်ကွက် မိုင်ရွှေဝါလမ်းရှိ တိုက်အမှတ်(၃၇)၊ အခန်းအမှတ် (၃/ဘီ) သို့ ဝင်ရောက်ရှာဖွေရာငြိမ်းချမ်း အောင်အား တွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၆ ကီလို စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀၀ နှင့် အိုက်စ် သုည ဒသမ ၁၅ ကီလိုတို့ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်ယောင်းမြို့နယ် ထိန်ပင်ကျေးရွာ အုပ်စု၊ လိန်းလီကျေးရွာရှိ လိန်းလီ ကြိုးတံတား အနီးတွင် ထွန်းငွေ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၃၉၆၀ ကိုလည်း ကောင်း၊ ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့ သည် အဆိုပါနေရာ၌ သန်းဇော်ဦး (ခ) သန်းထိုက်အောင်(ခ) အီဗရာဟင် မောင်းနှင်၍ မျိုးမင်းသန်းလိုက်ပါလာ သည့် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ရူးသွပ်ဆေးပြား ၁၀၀၀၀၀ ကိုလည်းကောင်း သိမ်း ဆည်း ရမိခဲ့သဖြင့် ယင်းတို့ကို စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရအရေးယူထားကြောင်း သိရ သည်။
ဆွေဦး