နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

မြန်မာ့တိုင်းရင်းဆေးပညာသည် သမိုင်းတန်ဖိုးမြင့်မားသည့် ရှေးဟောင်းအမွေအနှစ် ဆေးပညာတစ်ရပ်ဖြစ်သည်။ မြန်မာ့ သမိုင်းစဉ်တစ်လျှောက် မြန်မာ့ရာသီဥတု၊ ရေ၊ မြေ၊ တော၊ တောင်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများ ထုံမွမ်းလျက် တည်တံ့နေခဲ့သော ထီးနန်းသုံးတော်ဝင်ဆေးပညာ လည်း ဖြစ်သည်။ 


ရှေးမြန်မာတိုင်းရင်းဆေးသမားတော်များ ခေတ်အဆက်ဆက် အမွေဆက်ခံလာသော တိုင်းရင်းဆေးဝါးများ၏ ကုသမှုနည်း များ၊ ခေတ်မီကုသနည်းများ ခေတ်မီနည်းများဖြင့် စနစ်တကျ သုတေသနဖော်ထုတ်နိုင်မှုကြောင့် ကျန်းမာရေးပြဿနာများကို ကုသနိုင်သော ရလဒ်ကောင်းများရရှိနေပြီ ဖြစ်ပေသည်။


အနောက်တိုင်းဆေးပညာ၏စွမ်းဆောင်မှု ကြီးမားခြင်းကြောင့် အချို့သောလူမျိုးများ၏ ရိုးရာတိုင်းရင်းဆေးပညာများ မှေးမှိန်ခဲ့ရ ကြောင်း၊ ဆေးသိပ္ပံပညာရပ် တိုးတက်လာသော ကာလများတွင် မိမိတို့အာရှဒေသမှ နိုင်ငံနှင့် လူမျိုးများသည် ဘိုးစဉ်ဘောင်ဆက် တိုင်းရင်းဆေးပညာကို တစ်နည်းတစ်လမ်း ထိန်းသိမ်းမှီခို အားထားနေဆဲ ဖြစ်ပေသည်။


ယနေ့ခေတ်ကာလများတွင် သုတေသနပညာရှင်များသည် တိုင်းရင်းဆေး၏ အစွမ်းအာနိသင်ကို လေ့လာမှုပြုပြီး သိပ္ပံနည်းကျ အထောက်အထားများ၏ ခိုင်မာမှုကြောင့် သဘာဝဆေးဝါးများ ဖြစ်သည့် တိုင်းရင်းဆေးအပေါ်တွင် မှီခိုအားထားမှုများ တိုးတက် များပြားလာသည်ကို တွေ့ရပေသည်။ 


ကျန်းမာရေးဆိုင်ရာပညာရှင် များနှင့် တာဝန်ရှိသူများသည် တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျ ထူထောင်လုပ်ကိုင်ကြရ မည်ဖြစ်သည်။ ရိုးရာတိုင်းရင်းဆေးပညာဖြင့် သဘာဝတိုင်းရင်း ဆေးများ၏ အစွမ်းအာနိသင်များကို သိပ္ပံနည်းကျ စည်းကမ်းတကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။


သို့ဖြစ်ရာ နေပြည်တော်ပရဆေးဥယျာဉ်တွင် ဝန်ကြီးဌာန (၃)ခုတို့မှ ကဏ္ဍများခွဲ၍ သဘာဝပရဆေးပင်များ၊ ရှားပါးပရဆေးပင် များကို စိုက်ပျိုးပြုစုပြီး အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက် ထားရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပရဆေးပင်အမျိုးပေါင်း ၁၂၀ ကျော် အဓိကတာဝန်ယူ စိုက်ပျိုး ပြသလျက်ရှိသည်။ ပရဆေးဥယျာဉ်တွင် ငှက်ဖျားရောဂါ ပျောက်ကင်းစေသော ပရဆေးပင်မျိုး ၂၀၊ အဆုတ် (တီဘီ)ရောဂါ ပျောက်ကင်းစေသော ပရဆေးပင် ၂၂ မျိုး၊ ဆေးဖက်ဝင်ဂမုန်း ၂၅ မျိုး၊ တိုင်းဒေသကြီး ပြည်နယ်များမှ ပရဆေးပင် ၂၈ မျိုး၊ ဆေးဖက် ဝင် သစ်ခွများ စိုက်ပျိုးပြသလျက်ရှိရာမှ အစာလည်းဆေး၊ ဆေး လည်းအစာ ဆောင်ပုဒ်နှင့်အညီ ပြည်သူများ ရာသီအလိုက်နှင့် နေ့စဉ်စားသုံးနေသည့် ဟင်းသီးဟင်းရွက်ပင်များ ပြကွက်ကို ဖြည့်စွက်ပြီး စိတ်ဝင်စားဖွယ်ဖြစ်စေရန်နှင့် ဥယျာဉ်ကိုသာယာလှပ စေရန် တိုးချဲ့ဆောင်ရွက်ရေး စီစဉ်လျက်ရှိသည်။


မြန်မာ့တိုင်းရင်းဆေးပညာ အဓွန့်ရှည်တည်တံ့ရေးတွင် မြန်မာ့ဆေးဖက်ဝင် အပင်များနှင့်ပတ်သက်သော ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေးသည် တိုင်းရင်းထုတ်လုပ်ရာတွင် သတ်မှတ် အရည်အသွေးပြည့်မီသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်သုံးစွဲ ရေးအတွက် အထောက်အကူပြုမည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ