နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် လက်လီကုန်ဈေးနှုန်းများမြင့်တက် ဝယ်လိုအားကောင်းနေ

ဘေကျင်း  အောက်တိုဘာ  ၁၇


တရုတ်တွင် ကားစျေးနှုန်းများ စက်တင်ဘာလအတွင်း စျေးတက်လာပြီး၊ စျေးကြီးသည့် ကားများရောင်းဝယ်မှုလည်း အလုပ်ဖြစ်နေသော်လည်း ကုန်ပစ္စည်း မလုံလောက်မှုမှာ  ဝယ်လိုအားကောင်းနေခြင်းကို အနှောက်အယှက်ဖြစ်စေမှာ စိုးရိမ်နေကြကြောင်း သိရသည်။


လက်လီစျေးရောင်းအားကောင်းနေခြင်းမှာ စားသုံးသူများ၏ အဆက်မပြတ် ဝယ်ယူမှုနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းကို ပြသနေကြောင်း၊ ကုန်စည် ပြတ်လပ်ပြီး စားသုံးသူများ၏ ဝယ်လိုအားမဖြည့်ဆည်းပေးနိုင်မည်ကို စိုးရိမ်ရ ကြောင်း BMO Capital Markets ၏ စီနီယာစီးပွားရေးပညာရှင်တစ်ဦးက ပြော ကြားသည်။


လက်လီရောင်းလိုအားသည် ပြီးခဲ့သည့်လထက် ၀ ဒသမ ၇ ရာခိုင်နှုန်း တိုးလာပြီး သြဂုတ်လထက် ပိုမြင့်လာကြောင်း၊ လက်ရှိ ကမ္ဘာတစ်ဝှမ်းကြုံနေရသည့် ကားထုတ်လုပ်မှုအတွက် မိုက်ခရိုချပ်စ်လျှပ်စစ်ပစ္စည်း လုံလောက်မှုမရှိခြင်းကြောင့် ကားထုတ်လုပ်မှုများလျှော့ချနေရကာ အရောင်းပြခန်းများတွင်လည်း အသစ်ဆန်း ထုတ်လုပ်ထားသည့်ကားများကို ပြသစရာနည်းပါးနေကြောင်း သိရသည်။


လက်လီစျေးကွက်အများစုသည် ကျန်းမာရေး၊ ပညာရေးနှင့် ဟိုတယ်တွင် တည်းခိုနေထိုင်ခြင်းပါဝင်နေပြီး စီးပွားရေးပညာရှင်များကမူ စားသုံးသူများလိုအပ် သည်ကိုဝယ်ယူရစေရန် အားလပ်ရက်များအတွက် ယခင်နှစ်ထက် ဝယ်လိုအား ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ