နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန့်ကွက်နိုင်ကြောင်းကြေညာ

ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၄/ ကံဘဲ့၊ မြေကွက်အမှတ် ၂၇ ၊ ဧရိယာ-၀.၃၉ဧက၊ မြေအမျိုးအစား မြေပိုင်မြေ ၃(ခ)ရပြီး၊ မြေကွက်တည်နေရာအမှတ်-၁၀၈၊ ရွှေသစ္စာလမ်း၊ (၁၃)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ မသိန်းလှသမီး မသောင်းကြည်အမည်ပေါက် မြေကွက်အားအရောင်းအဝယ်စာချုပ် ၆၁၄၉/၂၀၁၂ ဖြင့် ပိုင်ဆိုင်သူ ဒေါ်ခင်သက်မှ မခွဲမစိတ်ရသေးသော ဧရိယာ ၀.၄၉၆ ဧက အနက်မှ မခွဲမစိတ်ရသေးသော ၃၀ပေ x ၄၄ပေ အား ပိုင်ဆိုင်ပြီး SP ရရှိသူ ဦးအောင်ကျော်ဇော (၅/မရန(နိုင်)၀၀၀၅၅၉)မှ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာခြင်းနှင့် ပတ်သက်၍ ပူးတွဲပိုင်ရှင်နှင့် လျှောက်ထားရန် အခက်အခဲရှိပါသဖြင့် တစ်ဖက်သတ် အရောင်းအဝယ် စာချုပ်ရန် မြေပုံခွင့်ပြုပါရန် ဒေါ်ခင်သက်ကိုယ်စား ဦးအောင်ကျော်ဇောမှ တင်ပြလာပါသဖြင့် တစ်ဖက်သတ်အရောင်းအဝယ်စာချုပ်ရန် မြေပုံကူးလျှောက်ထားခြင်းအား ကန့်ကွက်ရန်ရှိပါက တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

မြို့ပြမြေစီမံခန့်ခွဲမှုဌာန 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ






အခြားဆက်စပ်သတင်းများ