နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုပိုလုပ်သင့်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး ပြော

မက္ကဆီကိုစီးတီး  အောက်တိုဘာ  ၁၅


အမေရိကန်နိုင်ငံအနေဖြင့် အမေရိက တိုက် အလယ်ပိုင်း နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပိုလုပ်သင့်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လိုအိဘတ်က ပြောကြားလိုက် သည်။


ယခုနှစ်အတွင်း မက္ကဆီကိုနယ်စပ် မှတစ်ဆင့် အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူများမှာ စံချိန်တင်လျက်ရှိပြီး Covid-19 ကပ် ရောဂါကြောင့် စီးပွားရေး နှေးကွေးလာ ချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ရွှေ့ပြောင်းဝင်လာသူများ ပေါ်လစီ ပြောင်းလဲကာ ပြည်တွင်းသို့ ဝင်လာသူ များကို ကြိုဆိုလိမ့်မည်ဟု ယူဆ ကြောင်း ဝန်ကြီး မာဆယ်လိုအိဘတ်က ပြောသည်။


သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့်       ရွှေ့ပြောင်းဝင်ရောက်လာသူများပြဿနာ                 ကို ဖြေရှင်းကာ အမေရိကတိုက် အလယ်ပိုင်းတွင် ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုများနှင့် အကျင့်ပျက် ခြစားမှုများကို လျှော့ချနိုင်ရန် ကတိပြု ထားသည်။


အမေရိကန်သည် မြောက်ပိုင်း သုံးနိုင်ငံဖြစ်သည့် ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒိုနှင့် ဟွန်ဒူးရပ်စ်နိုင်ငံ များကို နိုင်ငံခြား ကူညီထောက်ပံ့မှု အနေဖြင့် ကန်ဒေါ်လာ သန်း ၆၀၀ အထိ ကူညီခဲ့ကြောင်း သမ္မတ ဂျိုးဘိုင်ဒင် ၏ မက္ကဆီကိုသမ္မတ အန်ဒရေမေနူ အယ်လ်လိုးပတ်စ်အိုပရားဒိုးကို ပေးပို့ လိုက်သည့် စာတွင် ဖော်ပြထားသည်။


ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ