နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဆိုဗိုရဲများနှင့် ဆာဘ်လူအုပ် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူများပြား

ပရီစတီနီးယား  အောက်တိုဘာ  ၁၅


သံသယဖြစ်ဖွယ် ကုန်ပစ္စည်း မှောင်ခိုသမားများကို စီးနင်းရန် ကိုဆိုဗို အာဏာပိုင်များက အမိန့်ပေးခဲ့ပြီး နောက်ပိုင်း ခြားထားသော မီထရိုဗီကာ မြို့တွင် အထူးရဲတပ်ဖွဲ့များနှင့် ဆာ့ဘ် များ ပဋိပက္ခဖြစ်ပွားခဲ့သည်။


အဆိုပါ ပဋိပက္ခအတွင်း ဒေသခံ ဆာ့ဘ်အများအပြား ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံမီဒီယာများက ဖော်ပြ ခဲ့သည်။


ကိုဆိုဗိုရဲများက နိုင်ငံမြောက်ပိုင်း တစ်လျှောက် မှောင်ခိုဂိုဏ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး အထူးသဖြင့် ပိုင်းခြားထားသော မီထရိုဗီကာမြို့တွင် အထူးအရာရှိများမှာ ဒေသခံ ဆာ့ဘ်များ မှ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။


ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ခု အရ စီးနင်းမှုများသည် နေရာလေးခု တွင် ဖြစ်ပွားခဲ့ပြီး အများစုမှာ နိုင်ငံ အတွင်း ဆာ့ဘ်လူနည်းစုများ နေထိုင် ရာ ဒေသများဖြစ်ကြောင်း ပြောသည်။


အာဏာပိုင်များက ဝင်ရောက်စီးနင်း သည့် နေရာများတွင် ဆေးဆိုင်များနှင့် ဈေးဆိုင်များ ပါဝင်ကြောင်း၊ ဗီဒီယို မှတ်တမ်းများအရ ကိုဆိုဗိုရဲများမှာ မြို့နှင့်အနီးတစ်ဝိုက်ရှိ ဆာ့ဘ်ဒေသခံ များကို လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့ များ၊ မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ ကြောင်း မီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။      ရဲခေါင် (Ref: Reuters)






အခြားဆက်စပ်သတင်းများ