နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇနီးကို မြွေပေါက်သတ်ခိုင်းသည့် အမျိုးသားထောင်ဒဏ် တစ်သက်တစ်ကျွန်း နှစ်ခါပြန် ချမှတ်ခံရ

နယူးဒေလီ  အောက်တိုဘာ  ၁၅


အိန္ဒိယတွင် ဇနီးဖြစ်သူကို မြွေဟောက်နှင့် ပေါက်သတ်ခိုင်းခဲ့သည့် အမျိုးသားတစ်ဦးကို အိန္ဒိယတရားရုံး တော်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကို နှစ်ခါပြန် ချမှတ်လိုက်ပြီဖြစ်သည်။


ဆိုရက်ဂျ်ကူးမား ဆိုသူသည် ပြီးခဲ့ သည့်နှစ်က အူသရာ အမည်ရှိ ယင်း၏ ဇနီး မြွေပေါက်ခံ သေဆုံးသွားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရ ခြင်းဖြစ်သည်။


ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ချိန်တွင် သေဆုံးသွားသည့် ဇနီးဖြစ်သူ၏ မိသားစုများက စွပ်စွဲ ပြောကြားထားသည့် ခင်ပွန်းသည် ဆိုရက်ဂျ်သည် ယင်းတို့၏ လက်ထပ် ထိမ်းမြားစဉ်တုန်းက လက်ဖွဲ့ငွေနှင့် ပတ်သက်ပြီး မိသားစုကိုအနှောင့်အယှက် ရန်ပြုခြင်းများရှိကြောင်း သိရသည်။


တရားရုံးတော်၏ အမှုစစ်ဆေးမှု တွင် တရားခံ အမျိုးသားသည် ဇနီးသည် အိပ်နေသည့် အခန်းထဲသို့ မြွေဟောက် တစ်ကောင်ကို လွှတ်ပေးခဲ့သည်ဟု ပြစ်မှုထင်ရှားကြောင်း သိရသည်။


တရားရုံးတော် တရားသူကြီးချမှတ် လိုက်သည့် ရှားရှားပါးပါး ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်း နှစ်ခါပြန်ချမှတ်ခြင်း နှင့်အတူ နစ်နာမှုလျော်ကြား ရူပီး ငါးသိန်းပေးရန် ပါဝင်ကြောင်းသိရသည်။

မျိုးဝင်း (Ref: BBC)






အခြားဆက်စပ်သတင်းများ