နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ချီလီသမ္မတ ကြေညာ

ဆန်တီဂို  အောက်တိုဘာ  ၁၅


ဌာနေတိုင်းရင်းသားများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ပဋိပက္ခအခြေအနေ အရမ်းကို ဆိုးရွားပြင်းထန်လာတာ ကြောင့် တောင်ပိုင်းဒေသ နှစ်ခုသို့ တပ်ဖွဲ့များ စေလွှတ်ခဲ့ပြီးနောက် ချီလီ သမ္မတ ဆီဘတ်စ်တီယန် ပီနီရာမှာ နိုင်ငံတွင်း အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာ ထုတ်ပြန်လိုက် သည်။


မာပူချီ ဌာနေတိုင်းရင်းသားများမှာ ယင်းတို့၏ ဘိုးဘွားပိုင်မြေများပြန်လည် ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်လည်တောင်းဆိုနေခြင်းဖြစ်သည်။ ကိုလံဘတ်စ်၏ ကိုလိုနီနယ်ချဲ့မှု ကြောင့် ရှာဖွေမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်ဖြစ်သည့် အမေရိက တစ်ဝန်းရှိ ဌာနေတိုင်းရင်းသားများစွာ အတွက်မူ ကိုလံဘတ်စ်နေ့မှာ ဘေးအန္တရာယ်တစ်ခုအဖြစ် ရှုမြင်ခံရ သော နေ့တစ်နေ့ဖြစ်သည်။


အသက် ၇၁ နှစ်ရှိ ပီနီရာက ပြောကြားခဲ့သည်မှာ ပြည်နယ်လေးခု တွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ အကြမ်းဖက်မှုနှင့် လက်နက်ကိုင်အုပ်စုများ၏ ကျူးလွန် သော ရာဇဝတ်မှုများနှင့် ထပ်တလဲလဲ အကြမ်းဖက်မှုများကို တွေ့ခဲ့ရပြီး အကြမ်းဖက်မှုကြောင့် အပြစ်မဲ့အရပ်သား များနှင့် ရဲအရာရှိများ သေဆုံးခဲ့ရသည်။


မာပူချီ တိုင်းရင်းသားများမှာ ချီလီ ၏ အကြီးဆုံးဌာနေတိုင်းရင်းသားဖြစ် ကာ နိုင်ငံ၏လူဦးရေ ၁၉ သန်းတွင် ၁ ဒသမ ၇ သန်းရှိပြီး အများစုမှာ နိုင်ငံ တောင်ဘက်တွင် နေထိုင်ကြခြင်းဖြစ် သည်။

အဆိုပါ ဌာနေတိုင်းရင်းသား ခေါင်းဆောင်များမှာ လက်ရှိ လယ်ယာ များနှင့် သစ်ထုတ်လုပ်ရေးကုမ္ပဏီများ ပိုင်ဆိုင်မှုဖြစ်နေသည့် ယင်းတို့ ဘိုးဘွား အစဉ်အဆက် ပိုင်ဆိုင်ခဲ့သည့် မြေများ ကို ယင်းတို့အား ပြန်လည်ပေးအပ်ရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ရဲခေါင် (Ref: AFP)






အခြားဆက်စပ်သတင်းများ