မလှိုင်၊ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင် မြို့နယ်၊ ပန်းအိုင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး အောက်တိုဘာ ၁၁ ရက်က မြို့နယ်ထွေ/အုပ် ရုံးရှေ့တွင် သေနတ် နှင့် ပစ်သတ်ခံရကြောင်း မလှိုင်မြို့ခံ ထံမှ သိရသည်။
ပန်းအိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်း မှာ စစ်မှုထမ်းဟောင်းတစ်ဦးနှင့် ရှိနေစဉ် သေနတ်နှင့် ပစ်သတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။ စစ်မှုထမ်းဟောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး မည်သည့်အဖွဲ့က သတ်သည်မသိရသေးကြောင်း သိရ သည်။
မလှိုင်မြို့ထဲတွင် ရက်သတ္တတစ်ပတ် အတွင်း သေနတ်နှင့် မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူနှစ်ဦး အသတ်ခံ ခဲ့ရသည်။
ဌေးမြင့်မောင်