တောင်သာ၊ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့တွင် စစ်ယူနီဖောင်းဝတ်ကာ ကော် သေနတ်ကိုင်ဆောင်ပြီး စစ်ကောင်စီ သတင်းပေးတစ်ဦးကို အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီက သေနတ်ဒဏ် ရာ ၇ ချက်ဖြင့် အသတ်ခံရကြောင်း မြို့ခံ တို့ထံမှ သိရသည်။
တောင်သာမှ ဦးဌေးလှိုင်ဆိုသူ ဖြစ်ပြီး မြေလတ် PDF နှင့် မြင်းခြံနှလုံးလှ လူမိုက်ကြီးအဖွဲ့က ပူးပေါင်းပစ်ခတ် လိုက်ကြောင်းသိရ သည်။
ဦးဌေးလှိုင်မှာ ကော်သေနတ်ကိုင် ဆောင်ပြီး သတင်းပေးခြင်း၊ သတင်း စုံစမ်းခြင်းကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။ တောင်သာမှာ သေနတ်နှင့် လုပ်ကြံခံရသူ ၇ ဦးထက် မနည်း အသတ်ခံနေရကြောင်း မြို့ခံတို့ က ပြောသည်။
ဌေးမြင့်မောင်