နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်မြို့သို့ မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူများ ဖမ်းမိ

ရန်ကုန်၊ အောက်တိုဘာ ၁၄


ဧရာဝတီတိုင်းဒေသကြီး ပုသိမ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့သို့  ကားဖြင့် လာရောက်၍ မူးယစ်ဆေးဝါး   လာရောက်ဖြန့်ဖြူး  ရောင်းချသူများကိုမူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသိရသည်။


စိတ်ကြွရူးသွပ်ဆေးပြားများကို FF/....TOYOTA  FIELDER အငှား ယာဉ်ဖြင့်  ရန်ကုန်မြို့မှ  ရောင်းချရန် လာနေကြောင်း သတင်းအရ ပုသိမ် နယ်မြေ  ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် WY ဆေးပြားများဝယ်ယူလိုသူ အဖြစ် အသွင်ယူကာ  ဖုန်းဖြင့် ဆက်သွယ်ပြီး ပုသိမ်မြို့ရှောင်လမ်း  ဘုရားကြီးကုန်း ပေါက်ကုန်းလမ်းသို့  ချိန်းဆိုခဲ့ကြောင်း   ယင်းနောက်ရဲတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ   လမ်းမှအသင့်စောင့်ဆိုင်း နေစဉ် အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီခန့် တွင်  မျက်တိုဘက်မှ မောင်း နှင်လာသော မော်တော်ယာဉ်တစ်စီးကို  ဘုရားကြီးကုန်းလမ်းဆုံတွင်  စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စစ်ဆေးရာတွင် ယာဉ်မောင်းနှင် လာသူမှာ အောင်မျိုးဦး  ၃၇ နှစ်၊ နဝရတ် ၈ လမ်း၊  သာကေတမြို့နယ် ရန်ကုန်တိုင်းဒေသကြီး နေသူဖြစ်ပြီး ရှေ့ခန်းတွင် ကျော်စွာ ၃၆ နှစ် (လိပ်စာတူ)၊ နောက်ခန်းတွင်စည်သူဇော်ဝင်း  ၄၁ နှစ်၊  ၄၅ လမ်း၊  ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။


ယာဉ်ပေါ်ပါရှိသော ပစ္စည်းများကို စစ်ဆေးရာ ကားရှေ့ခန်း ဒက်(စ်ဘုတ် အတွင်းမှ WY  စာတန်းပါ (ပန်းရောင်) စိတ်ကြွရူးသွပ်ဆေး    စုစုပေါင်း၉၇၅၀  ပြား (ကာလတန်ဖိုး ၂၉၂၅၀၀၀ဝကျပ်) တို့ကို  ရှာဖွေတွေ့ရှိသဖြင့် အောင်မျိုးဦး ပါ သုံးဦးကို ပုသိမ်နယ်မြေရဲစခန်းမယ (ပ)၃/၂၀၂၁၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ  ဥပဒေ ပုဒ်မ၁၉(က)/ ၂၁အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ရွှေမြင့်ဦး (ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ