နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိငလျင်တစ်ခု အလက်စကာကမ်းရိုးတန်းတွင် လှုပ်ခတ်

ဂျွန်အီရှုး  အောက်တိုဘာ  ၁၄


ဇူလိုင်လနှောင်းပိုင်းက ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပြီး နောက် ယခုလအတွင်း ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု အလက် စကာကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက် ပိုင်းက  လှုပ်ခတ်ခဲ့ကြောင်း အလက် စကာ ငလျင်စင်တာက ထုတ်ပြန်သည်။ 


အလက် စကာငလျင်စင်တာ အဆို အရ ငလျင်မှာ အလက်စကာကျွန်းဆွယ် နှင့် ကိုဒိုက်ကျွန်းတို့တွင် တနင်္လာက လှုပ်ခတ် ခဲ့ကြောင်း ဆိုပါတယ်။ ငလျင် လှုပ်ခတ်မှုမှာ အလက်စကာကျွန်းဆွယ် ရှိ လူ၉၀ ခန့်နေထိုင်သော ချီဂျင့်က်မြို့ အရှေ့ဘက် မိုင် ၇၀  (၁၁၅ ကီလိုမီတာ) အကွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ချီဂျင့်က်မြို့မှာ       အန်ကားရာချ့်မြို့ အနောက်တောင်ဘက် မိုင် ၄၅၀ (၇၂၅ ကီလို မီတာ) ခန့်နှင့် ကိုဒိုက် အနောက် တောင်ဘက် ၂၆၀ မိုင် (၄၂၀ ကီလိုမီတာ) ခန့်တွင်ရှိသည်။ ငလျင်ဗဟိုစင်တာအနေ ဖြင့် ငလျင်ကြောင့် သိသိသာသာထိခိုက် ပျက်စီးဆုံးရှုံးသည့် အစီရင်ခံစာကို မရ ရှိခဲ့ကြောင်း ဆိုထားသော်လည်း အစီရင် ခံစာသည်  ကိုယ်တိုင်သတင်းပို့ရသည့် အပေါ်မူတည်ကြောင်း ငလျင်ပညာရှင် နာတာလီယာရူးပက်က ပြောသည်။ 


 အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း အကြီး မားဆုံးငလျင်အဖြစ် ဇူလိုင် ၂၈ ရက်က အလက်စကာကျွန်းဆွယ်၏    တောင် ဘက်တွင် ပြင်းအား ၈ ဒသမ ၂ ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက်    ၆ ဒသမ ၉ ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရဲခေါင် (ref:AP)






အခြားဆက်စပ်သတင်းများ