နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုက်ပရက်စ်ကို အလည်လာရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ခရီးသည်တွေအတွက် အစိုးရက စရိတ်အကုန်အကျခံပေးမယ်

မေ ၂၈၊ နီကိုရှား


ဆိုက်ပရက်စ်နိုင်ငံသို့ အလည်အပတ်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံးအတွက် အားလပ်ရက်ကုန်ကျစရိတ် စိုက်ထုတ်ပေးမည်ဟု ဆိုက်ပရက်စ်အစိုးရက ကတိပြုခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် စာထဲတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှင့် ယင်းတို့၏ မိသားစုများအတွက် တည်းခိုစရိတ်၊ ဆေးဖိုးဝါးခနှင့်စားစရိတ် ကုန်ကျခံပေးမည်ဟု အစိုးရက ပြောသည်။


ခရီးသည်များမှာ လေဆိပ်သို့ သွားသည့်စရိတ်နှင့် အပြန်လေယာဉ်လက်မှတ်ခဖိုးသာ ကျခံရမည်ဖြစ်သည်။ အဆိုပါလုပ်ရပ်မှာ ဆိုက်ပရက်စ်ကျွန်းသို့ ခရီးသည်များ ပြန်လည်ဝင်ရောက်လာအောင် ရည်ရွယ်သည့် စည်းမျဉ်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဆိုက်ပရက်စ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၃၉ ဦး၊ သေဆုံးသူ ၁၇ ဦး ရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။


ပြီးခဲ့သည့်နှစ် ခရီးသွားလုပ်ငန်းဝင်ငွေမှာ ဆိုက်ပရက်စ်နိုင်ငံ အသားတင်ကုန်ထုတ်လုပ်မှု၏ ၁၅ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် ဆိုက်ပရက်စ်အစိုးရက ခရီးသွားများ အမြန်ဆုံး ပြန်လည်ဝင်ရောက်လာအောင် ကြိုးပမ်းနေသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ခရီးသည်များကို သီးသန့်ကုသပေးနိုင်ရန် ခုတင် ၁၀၀ ဆေးရုံတစ်ခုကို သီးသန့်ဖယ်ထားသည်ဟု အရာရှိများက ပြောသည်။ ထို့အပြင် လူနာမိသားစုအတွက်လည်း အသွားအလာကန့်သတ်မှု ခံယူနိုင်မည့် ဟိုတယ်များ ပြင်ဆင်ထားသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ