နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလေအလွင့်မရှိရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်အစိုးရက  စိုက်ပျိုးရေးကို  အထူးအလေးထား အားပေးနေခြင်းကြောင့် တောင်သူလယ်သမားတို့၏စီးပွားရေး ဘဝ ရှင်သန်ရပ်တည်မှုသည် တိုးတက်ကောင်းမွန်လာ၏။


မြန်မာ နိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးသည့်နိုင်ငံဖြစ်၏။ မိုးစပါး တစ်သီးစားမှ နွေစပါးကိုပါ ကျယ်ပြန့်စွာစိုက်ပျိုးလာ၏။ ကျေးလက် ဒေသနေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေး အတွက် အထူးအလေးထားဆောင်ရွက်ပေးနေသည်။


ယနေ့အခြေအနေတွင် မြို့နယ်အချို့၌ ရက် ၉၀ သက်ရင့် စပါး မျိုးများရိတ်သိမ်းခြွေလှေ့လျက်ရှိပေသည်။ ရက် ၁၂၀ စပါးမျိုးများ မှာ အနှံထွက်ဆဲဖြစ်ပြီး နိုဝင်ဘာလလယ်တွင် ရိတ်သိမ်းနိုင်ဖွယ် ရှိသည်။ ရင့်မှည့်ပြီး စပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်း တို့ကြောင့် ယိုင်လဲမှုများဖြစ်ပေါ်ပါက ယင်းစပါးခင်းများတွင်  အောက်ရေကို အမြန်ဆုံးထုတ်ပေးပြီး ရိတ်သိမ်းစက်၊ ခြွေလှေ့စက် အခြောက်ခံစက်များအသုံးပြု၍ စက်စွမ်းအား၊ လူစွမ်းအားဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တလင်းပျောက်စနစ်ဖြင့် ရိတ် သိမ်းခြင်းဖြင့် ဆုံးရှုံးမှုများ သက်သာစေနိုင်ပေသည်။


နိုင်ငံတစ်ဝန်း စပါးစိုက်တောင်သူလယ်သမားများ ပင်ပန်း ဆင်းရဲစွာစိုက်ပျိုးထားသော စပါးသီးနှံများ အလေအလွင့်လျော့ နည်းစေပြီး အရည်အသွေးပိုမိုကောင်းမွန်ရေးကို ဆောင်ရွက်ပေး နိုင်ခြင်းဖြင့် စပါးစိုက်တောင်သူများ၏ မိသားစုတစ်စုချင်းဝင်ငွေ နှင့် လူနေမှုဘဝကို လက်ငင်းတိုးတက်စေရန် အချိန်မီရိတ်သိမ်း နိုင်ရေး၊ သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အထူးသဖြင့်  စပါးရိတ်သိမ်းခြွေလှေ့စက်များဖြင့် ထိထိရောက်ရောက်အသုံးပြု နိုင်ရန် လိုအပ်ပေသည်။ 


စပါးရိတ်သိမ်းခြွေလှေ့စက်များအား တောင်သူလယ်သမား များ လက်လှမ်းမီစွာအသုံးပြုနိုင်ရေးတွင် စက်သုံးဆီဈေးနှုန်းတက် သဖြင့် အခြားသောသွင်းအားစုကုန်ကျစရိတ်များ မြင့်တက်လျက် ရှိနေသည်။ စပါးအခြေခံဈေးနှုန်းကို ကျပ်ငါးသိန်းလေးသောင်း သတ်မှတ်ထားသော်လည်း ဈေးကွက်တွင် ဈေးကောင်းရရှိရေး စပါးစိုက်တောင်သူလယ်သမားတို့ မျှော်လင့်ထားကြသည်။


လူဦးရေအများဆုံးဖြစ်သော ကျေးလက်ဒေသနေပြည်သူများ ၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော လယ်ယာ ကဏ္ဍနှင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးသမျှ အောင်မြင်ပြီး အကျိုး        ဖြစ်ထွန်းမှုအပြည့်အဝရရှိရေးအတွက် အထူးဂရုပြုလိုက်နာဆောင် ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ