ရန်ကုန် အောက်တိုဘာ ၁၄
မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ နဂါးရုံဘုရားလမ်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အနီး၊ အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန၊ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီရုံး ခြံစည်းရိုးဘေး ယနေ့နံနက် ၈ နာရီခွဲအချိန်က ပေါက်ကွဲမှု ဖြစ်ပွားသည်။
ပေါက်ကွဲမှု ဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွား ရောက် စစ်ဆေးရာ ပေါက်ကွဲပြီး အရှည်ခြောက်လက်မ၊ လုံးပတ် နှစ်လက်မခန့်ရှိ သံပိုက်လုံးတွင် True Keypad Phone ဖြင့် ချိတ်ဆက်ထားသော လက်လုပ် ဗုံးကို အဖြူရောင် ပလတ်စတစ် အိတ်အတွင်းထည့်ကာ ပစ်ချ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ပေါက် ကွဲမှုကြောင့် လူပစ္စည်း အဆောက်အဦ ထိခိုက်ပျက် စီးမှု မရှိကြောင်းနှင့် ပြစ်မှုကျူး လွန်သူကို ဖော်ထုတ် ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်သူထက်