နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၁၀၀၀၀၀ ကျော်ရှိလာ

မေ ၂၈၊ ဝါရှင်တန်


အမေရိကန်နိုင်ငံတွင် ၄ လမပြည့်မီကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀၀၀ ကျော် ရှိလာခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံးဖြစ်သည့် အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၆၉ သန်းရှိနေပြီး အဆိုပါပမာဏမှာ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းရှိသည်။ အမေရိကန်နိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာကို ဇန်နဝါရီလ ၂၁ ရက်က ဝါရှင်တန်ပြည်နယ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များအရ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဒသမ ၆ သန်းရှိနေပြီး ၃၅၄၉၈၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၄၄ နှစ်ကြာမြင့်ခဲ့သည့် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲများတွင် ကျဆုံးခဲ့သည့် အမေရိကန်စစ်သည် အရေအတွက်နှင့် တူညီလုနီးပါးဖြစ်သည်ဟု ဘီဘီစီသတင်းဌာန၏ မြောက်အမေရိကတိုက် အယ်ဒီတာ ဂျွန်ဆိုပယ်က ပြောသည်။ 


သို့သော် အမေရိကန်နိုင်ငံဟာ ‌သေဆုံးမှု/လူဦးရေ  အချိုးအစားအရ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ပြင်သစ်နှင့် အိုင်ယာလန်နိုင်ငံများ၏ နောက်တွင်ရပ်တည်နေပြီး အဆင့်(၉)နေရာတွင် ရှိနေသည်။ နယူးယော့ခ်ပြည်နယ်အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှုဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရသည့် ပြည်နယ်တချို့တွင် သေဆုံးမှု သိသိသာသာ ကျဆင်းလာကြောင်း တွေ့ရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ