နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧဝရက်တောင်ကို အမြင့်တိုင်းတာရန် တရုတ်မြေတိုင်းအဖွဲ့ တောင်ထိပ်သို့ တက်ရောက်

မေ ၂၈၊ ဘေဂျင်း


တရုတ်မြေတိုင်းအဖွဲ့မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြုံတွေ့နေချိန်အတွင်း ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်သည့် တစ်ခုတည်းသောအဖွဲ့ ဖြစ်လာခဲ့သည်။ အဆိုပါမြေတိုင်းအဖွဲ့မှာ နီပေါနယ်စပ်ရှိ ဧဝရက်တောင်၏အမြင့်ကို ပြန်လည်တိုင်းတာရန် တောင်ထိပ်သို့ တက်ရောက်ခဲ့ခြင်းဟု တရုတ်မီဒီယာတစ်ခုက ဖော်ပြသည်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံက ဖော်ပြထားသည့် ဧဝရက်တောင်၏ အမြင့်ပေမှာ နီပေါနိုင်ငံ ဖော်ပြသည့် အမြင့်ပေထက် ၄ မီတာ နိမ့်နေသည်။


အမြင့်ပေကွာခြားနေခြင်းမှာ ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံတွင်  လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှင့် သက်ဆိုင်နေဖွယ်ရှိသည်။ ယခုနှစ်တွင် နီပေါနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးက ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ခရီးသွားလာမှုကန့်သတ်ချက်အရ ပြည်ပတောင်တက်အဖွဲ့များကို တောင်တက်ခွင့် ပိတ်ပင်ထားသည်။ တရုတ်နိုင်ငံက နွေဦးရာသီတွင် နိုင်ငံသားတွေကိုဘဲ ဧဝရက်တောင် တက်ခွင့်ပြုထားပြီး နီပေါနိုင်ငံက ‌တောင်တက်ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ