နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး အားထုတ်ကြိုးပမ်း

ကမ္ဘာတစ်ဝန်းတိုးတက်လျက်ရှိသည့် သိပ္ပံနှင့်နည်းပညာများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများ၏ အပြန် အလှန်အထောက်အကူပြုတိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး ၏ လူမှုစီးပွားရေးဘဝ ပြောင်းလဲတိုးတက်လာပေသည်။ မြန်မာ နိုင်ငံသည် သဘာဝသယံဇာတပေါများသည့်နိုင်ငံဖြစ်ပေသည်။


နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတထက် ပို၍အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်း ရည်ပြည့်ဝသည့်လူမျိုးဖြစ်ရန်        ယနေ့လူငယ်လူရွယ်များကို       လေ့ကျင့်ပျိုးထောင်တည်ဆောက်ပေးရန်ဖြစ်သည်။


မြန်မာနိုင်ငံသည် နိုင်ငံတကာစံနှုန်းအပြောင်းအလဲများနှင့် ထူးခြားစွာဖြစ်ပေါ်လျက်ရှိပေသည်။ အပြောင်းအလဲအခွင့်အလမ်း များနှင့်အတူ စိန်ခေါ်မှုအခက်အခဲများလည်း တွဲလျက်ပါဝင်လာ သည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး၊ ပို့ကုန်တိုးတက်ရေး၊ နည်းပညာရရှိရေးတို့ အတွက် ကြီးမားစွာအထောက်အကူပြုနိုင်သောကြောင့် မြန်မာ နိုင်ငံသားတို့အတွက် အခွင့်အလမ်းပင်ဖြစ်သည်။ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများက လာရောက်တွေ့ဆုံဆွေးနွေးလျက် ရှိပေသည်။ ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက်ထိုးဖောက်မှုနှင့်   အိုင်တီနည်းပညာသုံးလုပ်ငန်းများအတွက်        လုံလောက်သည့် ကျွမ်းကျင်အဆင့် လူသားအရင်းအမြစ်များနည်းပါးနေပေသည်။ အခြေခံအားဖြင့် သာမန်လုပ်သားနှင့် ကျွမ်းကျင်လုပ်သားအဆင့် တွင်သာရှိပေသည်။ 


သို့သော် အဓိကရင်ဆိုင်ရမည့်ပြဿနာမှာ အရည်အချင်းနှင့် စွမ်းဆောင်ရည်မှာ အရန်သင့်အသုံးချနိုင်သော အခြေအနေတွင် ရှိမနေခြင်းပင်ဖြစ်သည်။ နိုင်ငံသားတိုင်းအသိဉာဏ်နှင့် ပြည့်စုံ စေရန်အတွက်   အခြေခံပညာနှင့်    အတွေ့အကြုံဗဟုသုတတို့ လိုအပ်သည်။ သို့မှသာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက်ကျရာ တာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်သည်။


ယနေ့အချိန်တွင် သိပ္ပံနှင့် နည်းပညာများ  တစ်နေ့တခြား တိုးတက်ပြောင်းလဲလျက်ရှိရာမှာ တိုးတက်မှုကို အမီလိုက်နိုင်ရန် ပညာရေးအဆင့် မြင့်မားရေးအတွက် ယနေ့လူငယ်လူရွယ်များ သည် သာမန်တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန်ထက်မြက်ရန် အစဉ်ကြိုးပမ်းအားထုတ်ရပေမည်။ 


အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား စွမ်းရည်ပြည့်ဝသည့်လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များက အားသွန်ခွန်စိုက်ကြိုးစားအားထုတ်စေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ