နယူးဒေလီ အောက်တိုဘာ ၁၂
အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၈,၁၆၆ ဦးတွေ့ရှိခဲ့ကြောင်း အစီရင် ခံခဲ့ပြီး ယင်းအရေအတွက်မှာ ၇ လတာ ကာလအတွင်း အနိမ့်ဆုံးအရေအတွက် ဖြစ်ကြောင်း ပြည်ထောင်စုကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားသည်။
၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၂၁၄ ခုကို ထုတ်ပြန်ခဲ့ပြီး ထိုအရေအတွက်ကြောင့် ယခုအခါ အိန္ဒိယနိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာ ၄,၅၀,၅၈၉ ဦးထိရှိလာသည့်အပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုခံနေရသူ ၂,၃၀,၉၇၁ ဦးရှိခဲ့ကာ ယင်းအရေအတွက်မှာ ၇ လ တာအတွင်း အနိမ့်ဆုံးလည်းဖြစ်သည်။
ထိုအရေအတွက်မှာ နိုင်ငံတွင်း ဖြစ်ပွားမှု၏ ၀ ဒသမ ၆၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ၀န်ကြီးဌာနက ပြောကြား ပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကောင်းမွန်လာ သောလူနာ ၂၃,၆၂၄ ဦးရှိခဲ့ကာ ကူးစက် ရောဂါစတင်ချိန်မှစလျှင် ပြန်လည် ကောင်းမွန်လာသည့် လူနာအရေ အတွက်မှာ ၃၃,၂၇၁,၉၁၅ ဦးအထိရှိလာ ကြောင်း သိရသည်။
ထို့ကြောင့် အိန္ဒိယ၏ ပြန်လည် နာလန်ထူမှုနှုန်းမှာ ရောဂါဖြစ်ပွားမှု၏ ၉၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိပြီး အခြေ အနေမဆိုးကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မျိုးဝင်း (ref:BBC)