နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးအန္တရာယ်

လူငယ်ဟူသည် တက်ကြွ၏။ ရွှင်လန်း၏။ ဖျတ်လတ်၏။ ဉာဏ်ပညာထက်မြက်၏။ ထို့ကြောင့် လူငယ်တို့သည် အနာဂတ် ၏ ပန်းကောင်းအညွန့်များဟု တင်စားခေါ်ဆိုကြသည်။ လူငယ် တို့သည် လူငယ်ဘဝဉာဏ်ပညာထက်မြက်ရေးကို ဆောင်ရွက် ကြသကဲ့သို့ အပျော်အပါးများကိုလည်း နှစ်သက်မက်မောတတ် ကြ၏။ အဆိုးရွားဆုံးမှာ အပျော်အပါးနောက် လမ်းမှားလိုက်မိကြ သည့် လူငယ်လူရွယ်များကို တွေ့မြင်နေရခြင်းပင်ဖြစ်သည်။


လူငယ်များသည် တစ်နည်းအားဖြင့် နိုင်ငံအတွက် အရေးကြီး သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင် ပေးရမည့်နည်းတူ   လူငယ်ထုအပေါ်တွင်    ကျရောက်လာမည့် မူးယစ်ဆေးဝါးအပါအဝင် အန္တရာယ်များစွာတို့မှလည်း ကာကွယ် ပေးရန်လိုသည်။ အချို့လူငယ်လူရွယ်တို့မှာ ငွေကြေးတတ်နိုင်ခြင်း၊ မိဘအုပ်ထိန်းသူတို့ တာဝန်မဲ့မှုနှင့်ကာယကံရှင် ကိုယ်တိုင် သတိ လက်လွတ်သားကောင်ဖြစ်သွားရသည်။ လမ်းမှားသို့ လွဲမှားစွာ လျှောက်လှမ်းနေသည်ကို နှမြောတသဖြစ်ရပါသည်။


မျက်မှောက်ကာလတွင် စိတ်ကြွဆေးဟုခေါ်သည့် မူးယစ် ဆေးဝါးအန္တရာယ်က ကြီးကြီးမားမား ခြိမ်းခြောက်လျက်ရှိသည်။ စိတ်ကြွဆေးများမှာ စွဲလမ်းမှုကိုဖြစ်စေပြီး ရေရှည်တွင် ပိုမိုသုံးစွဲ လာမှုကြောင့် ရေရှည်တွင် ဦးနှောက်နှင့် အာရုံကြောစနစ်ကိုပျက်စီး စေခြင်းကြောင့်  စိတ်ကြွရူးသွပ်ဆေးဟူ၍ ခေါ်ဝေါ်လာသည်။


မူးယစ်ဆေးဝါးရောင်းချသူတို့၏ အဓိကပစ်မှတ်မှာ လူငယ် လူရွယ်များဖြစ်သည်။ လူငယ်တို့ကို ဖျက်ဆီးမည့် မူးယစ်ဆေးဝါး များသည် လူငယ်ထုဖြစ်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင် စိမ့်ဝင်ပျံ့နှံ့လျက်ရှိနေသည်ဟု ဆိုရပေမည်။ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေး၊ ကယ်တင်စောင့်ရှောက်ကြရမည် မှာ ကျွန်ုပ်တို့အားလုံးတာဝန်ရှိပေသည်။ လူငယ်လူရွယ်တစ်ဦး ပျက်စီးခြင်းက ယင်း၏ဘဝတစ်ခုပျက်စီးခြင်းသာမက နိုင်ငံ အတွက်လည်း တစ်တပ်တစ်အား ဆုံးရှုံးရခြင်းဖြစ်သည်။


ယခုရက်ပိုင်းအတွင်း သတင်းများပေါ်တွင် စိတ်ကြွရုးသွပ် ဆေးပြားများ သိန်းနှင့်ချီကာ ဖမ်းဆီးရမိမှုများ တွေ့မြင်နေရပေ သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ တာဝန်ပေးချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနှိမ်နင်းခဲ့ပေသည်။


အနာဂတ်မျိုးဆက်သစ်များ အညွန့်တလူလူဖြင့် ဆက်လက် ထွန်းတောက်စေရန် လမ်းမှားမရောက်စေရန် ကျွန်ုပ်တို့အားလုံး က ဝိုင်းဝန်းဆောင်ရွက်ကြရမည်သာဖြစ်သည်။   ပန်းကောင်း အညွန့်ချိုး၍ အနာဂတ်၏အဖူးအညွန့်များ မညှိုးရအောင် စိတ်ကြွ မူးယစ်ဆေးဝါးအန္တရာယ်မှ ထိရောက်စွာကာကွယ်ပေးနိုင်ရေး ကာကွယ်တိုက်ဖျက်မှုကို     ပိုမိုမြှင့်တင်  ဆောင်ရွက်စေချင်        ကြောင်း ။






အခြားဆက်စပ်သတင်းများ