နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းနေသောလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ လမ်းလုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လမ်းကော်မတီဝင်များနှင့် ရပ်မိရပ်ဖပြည်သူများ စုပေါင်း၍ မြို့နယ်အတွင်း ကွန်ကရစ်လမ်းခင်းနေသော လုပ်ငန်းခွင်များအား မတ် ၂ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းနေသော လုပ်ငန်းခွင်များဖြစ်သည့် (၄)ရပ်ကွက် သဒ္ဒါလမ်း၊ (၆)ရပ်ကွက် အင်းဝ(၃)လမ်း၊ (၇)ရပ်ကွက် သီရိဇေယျာ (၁၉)လမ်း (က)၊(ခ) နှင့် (၁၂)ရပ်ကွက် မာဃ(၁၄)လမ်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များကို ကြီးကြပ်ညွှန်ကြားခဲ့သည်။ ထို့ပြင် (၇)ရပ်ကွက် (၁၉)လမ်း လမ်းခင်းခြင်းလုပ်ငန်းတွင် သစ္စာလမ်းအထိ လိုအပ် နေသော လမ်းအပိုင်းအားခင်းရန် ကုန်ကျမည့်တန်ဖိုး သိန်း ၇၀ ခန့်ကို ကုလားလေး မဆလာလုပ်ငန်း မိသားစုမှ လှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။ (နေထက်အောင်)






အခြားဆက်စပ်သတင်းများ