နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိ

ရန်ကုန်၊  အောက်တိုဘာ ၉


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်တွင် ငွေကျပ် ၁၄ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှသိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၉ ရက်၊ ည ၉ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ် ပုလဲ (၂) ရပ်ကွက် ငုဝါလမ်း အမှတ် (၁၉၉/ဘီ) ခြံဝင်းအတွင်း သတင်းအရဝင်ရောက် ရှာဖွေရာ ခြံဝင်းအတွင်းရှိ ဂိုဒေါင်ရှေ့ တွင်  ရပ်ထားသည့် HINO ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်း ဇော်ဝင်း ၄၈ နှစ်၊ ယာဉ်နောက်လိုက်များ ဖြစ်ကြသည့် ဇေယျာ ၄၃ နှစ်နှင့် မြတ်မိုး ၄၃ နှစ်တို့ကိုတွေ့ရှိရပြီး အဆိုပါယာဉ် ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉၅ သိန်း နှင့်အတူ ယာဉ်မောင်း ဇော်ဝင်းထံမှ ငွေကျပ် သိန်း ၅၀ တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော် ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်သို့သယ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်းသိရသည်။        ဆွေဦး






အခြားဆက်စပ်သတင်းများ