နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်းမော်မြို့နယ်၌ ငွေကျပ် ၁၃၀၄ ဒသမ ၃ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဗန်းမော်၊  အောက်တိုဘာ ၉ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၇ ရက်၊ နံနက် ၁၀ နာရီတွင် ဗန်းမော်မြို့ နမ့်ဖား ရပ်ကွက်နေ ငြိမ်းဇော်ဦး၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဆုသက်ဝေ အားတွေ့ရှိရပြီး နေအိမ်အိပ်ခန်းရှိ လက်ဆွဲအိတ်များအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၅၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၇၄၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက် ၍ စစ်ဆေးဖော်ထုတ်ချက်အရပူးပေါင်းအဖွဲ့က မွန်းလွဲ ၁ နာရီတွင် ဗန်းမော် မြို့နယ် စင့်ကင်ကျေးရွာ(အထက်စု)နေ မအေးစုဝင်း၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ ထွန်းထွန်းနိုင်(ခ)ပြားစိန်၊ မချိုဝင်းသိန်း (ခ) အိဖြူ တို့ကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၊ မချိုဝင်းသိန်း(ခ)အိဖြူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။                                                          ဆွေဦး






အခြားဆက်စပ်သတင်းများ