ခင်ဦး၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦး မြို့နယ်၊ ပျဉ်ထောင်ကျေးရွာအတွင်း၌ NLD အစွန်းရောက်အကြမ်းဖက်သမား များ လှုပ်ရှားနေကြောင်း သတင်းအရ အောက်တိုဘာ ၇ ရက်၊ ညနေပိုင်းက နယ်မြေလုံခြုံရေးတပ်ဖွဲ့မှ သွားရောက် ရှာဖွေ ရှင်းလင်းခဲ့ရာ ပျဉ်ထောင်ကျေးရွာ ရွာလည်ပိုင်းနေ ဦးထွန်းအောင် (တိမ်းရှောင်)၏ နေအိမ်ခြံဝင်းအတွင်းရှိ ကောက်ရိုးပုံထဲမှ မုန့်ပုံးဖြင့်ပြုလုပ်ထား သည့် ကားမိုင်း(အကြီး) နှစ်လုံး၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ် ဗုံးနှစ်လုံး၊ ထုံးဘူးအသေးဖြင့်ပြုလုပ် သည့် လက်လုပ်ဗုံးတစ်လုံး၊ AURORA တံဆိပ်ပါ ၁၂ ဘို့ ဘက်ထရီအိုးတစ်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုးတစ်လုံး၊ ကော်ပြား ကပ်မိုင်းဆွဲကြိုး သုံးပေခန့် ကိုးချောင်း တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ အိဇင်