နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၉ ရက်ကြာ ပျောက်ဆုံးခဲ့သည့် လမ်းလျှောက်သူနှစ်ဦးကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိ

မေ ၂၈၊ ဝယ်လင်တန်


၁၉ ရက်ကြာ ပျောက်ဆုံးနေသည့် လမ်းလျှောက်သူနှစ်ဦးကို နယူးဇီလန်နိုင်ငံ သစ်တောအတွင်း အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ အိုကွန်နာနှင့် ရေးနိုးတို့မှာ မေလ ၉ ရက်က ကာဟူရန်ဂျီ အမျိုးသားဥယျာဉ်အတွင်း လမ်းစလျှောက်ခဲ့ပြီး ခြောက်ရက်၊ ခုနစ်ရက်အတွင်း ပြန်ရောက်လာမည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် မြူခိုးများကြောင့် လမ်းပျောက်ပြီး ချော်လဲခြင်းကြောင့် နှစ်ဦးလုံး ဒဏ်ရာ ရခဲ့သည်။ တောင်ကျွန်းအနောက်မြောက်ဘက်ရှိ ကာဟူရန်ဂျီအမျိုးသားဥယျာဉ်မှာ နယူးဇီလန်နိုင်ငံ၏ ဒုတိယအကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်သည်။ 


ကယက်လှေ လမ်းပြတစ်ဦးဖြစ်သည့် အိုကွန်နာနှင့် စားဖိုမှူးဖြစ်သူ ရေးနိုးတို့မှာ ရက်သတ္တပတ်စာ လုံလောက်သည့် အစားအစာများ ယူဆောင်သွားခဲ့ကြောင်း ယင်းတို့၏ မိတ်ဆွေများက ပြောသည်။ ထို့နောက်တွင် ယင်းတို့နှစ်ဦးမှာ ရေတွေ့ရှိခဲ့ပြီးနောက် မီးဖိုပြီး အဆိုပါနေရာတွင် စခန်းချခဲ့သည်။ မေလ ၁၈ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သော်လည်း ယင်းတို့နှစ်ဦး၏ အရိပ်အယောင် မတွေ့ရှိခဲ့ခြင်းကြောင့် မျှော်လင့်ချက်နည်းပါးလာချိန်တွင် ရှာဖွေရေးရဟတ်ယာဉ်တစ်စင်းက မီးခိုးများကို သတိထားမိခဲ့ပြီး ယင်းတို့နှစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့နှစ်ဦးမှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ အပူချိန်ကျဆင်းမှုများကို ရင်ဆိုင်ခဲ့ရ၍ ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ