နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ စွန့်ပစ်စေချင်

အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။ လူဦးရေထူထပ်သည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ် ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိနေသည်မှာ မထူးဆန်းချေ။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအားဖြင့် ၇ ဒသမ ၈ သန်းကျော်အနက် ကျေးလက်နေ လူဦးရေ ၂ ဒသမ ၅ သန်းခန့် ရှိသည်။


ရန်ကုန်မြို့သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာမှုအဆင်ပြေကာ နည်းပညာအရလည်း ဖွံ့ဖြိုးတိုးတက် ခြင်း၊ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အဆင်ပြေခြင်း၊ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ထိပ်တန်းမြို့ဖြစ်သဖြင့် ရေခံ၊ မြေခံ ကောင်းမွန်သဖြင့် အခြားဒေသများထက် လူဦးရေပိုများပြား သည်။


အမှိုက်ဟူသည် မကောင်းသော  စွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊  ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ ဖြစ်တတ်သည်ကိုသိပါလျက် မဆင်မခြင်စွန့်ပစ်နေခြင်း ဖြစ်သည်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။


လူတို့စွန့်ပစ်အမှိုက်များတွင် အခြားအမှိုက်များထက် မီးဖို ချောင်သုံး စွန့်ပစ်အမှိုက်များက ပိုသည်။ အထူးသဖြင့် မြို့တွင်း အထပ်မြင့်တိုက်များတွင် နေထိုင်ကြသူတို့သည် နေ့စဉ်မိမိနေအိမ် မှ စွန့်ပစ်အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက် ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရပေမည်။


ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ အထပ်မြင့်မှ နောက်ဖေးလမ်းကြား သို့ အမှိုက်များအလွယ်တကူ စွန့်ပစ်လိုက်ခြင်းသည် ရှက်စရာ ကောင်းသော အလုပ်ဖြစ်သည်ကို သတိပြုမူကြဖို့ လိုပေသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသည် အမှိုက်များကို စနစ်တကျသိမ်းဆည်းခြင်း၊ အမြင်မတင့်တယ်သော အမှိုက်ပုံးများ ကို အစားထိုးလဲလှယ် တိုးချဲ့ချထားပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။ 


မြို့ပြဖွံ့ဖြိုးတိုးတက်အောင်၊ စည်းကမ်းရှိသော မြို့ကြီးပြကြီး ဖြစ်ပေါ်အောင် ပြောင်းလဲဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်တတ်သည့်အလ့အထကို ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပေသည်။ အမှိုက်များ စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အမှိုက် စွန့်ပစ်သည့်စနစ်များ ကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက် ဆောင်ရွက်စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ