နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊  အောက်တိုဘာ ၈


ပူတာအိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် အောက်တိုဘာ ၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု ပူတောင်းကျေးရွာနေအောင်မိုး၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စောသိုက် (ခ) အောင်မင်းထွန်း၊ အောင်လှိုင်ဝင်းတို့ကိုတွေ့ရှိရပြီး ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့အောင်ဇေယျရပ်ကွက်အနီးတွင် မမေသန်း (ခ) ထွေးခင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သည်။


ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ကျေးရွာအနီးတွင် လော်ကောမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်၊  ညပိုင်းတွင် ညောင်ရွှေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာအုပ်စု   တောင်ပို့ကြီးကျေးရွာအနီးတွင် ကျော်စွာဟိန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ